Main menu

Background

နယ်စပ်မှ ယခုအပတ် ပရဆေး တန် ၉ဝဝ ကျော် တင်ပို့နိုင်

Sun, 03/20/2011 - 07:02 -- Anonymous (not verified)

နယ်စပ်မှ ယခုအပတ် ပရဆေး တန် ၉ဝဝ ကျော် တင်ပို့နိုင်                    မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်တို့မှ ပရဆေးကုန်ကြမ်း တန်ချိန် ၉၄ဝ ကျော်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင်တန် ၅ဝ ခန့်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ယခင်အပတ်ကထက် နေလဲစေ့ တင်ပို့မှုသိသိသာသာ လျော့ကျခဲ့ပြီး မိကျောင်း ကွမ်းဖတ်စေ့၊ ကြောင်လျာစေ့၊ မျောက်ဥခြောက်၊ မာလာဥ ခေါင်းတို့လည်းတင်ပို့မှု အနည်းငယ် စီလျော့နည်းခဲ့ပါတယ်။ ကျောက်ချင်း၊ ဒရင်ကောက်မြစ်၊ နနွင်းတက်၊ ကွမ်းစားဂမုန်း၊ ရှားစေး၊ ဖန်ခါးသီးခြောက်၊ မာလာဥတို့တော့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့နိုင်ခြင်းမရှိတဲ့ ရှားစေးနဲ့ ဖန်ခါးသီးခြောက်များ ယခုအပတ်မှာ တင်ပို့မှုရှိခဲ့ပါတယ်။ ချင်းရွှေဟော်နယ်စပ်မှ ကျောက်ချင်း ၅ တန် ယခုအပတ်မှာ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။တမူး နယ်စပ်ကနေ ကန်ဒေါ်လာ ၈ဝဝ တန်ဖိုးရှိ ရှိန်းခိုနဲ့ တောင်လုံးကျော် ဝ ဒသမ ၉ တန် တင်သွင်းမှုရှိခဲ့ပြီး ယခင်အပတ်ကထက် ဝ ဒသမ ၃ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ MIRT (DOBT)