Main menu

Background

ဗန်းမော် - ရွှေကူ - ကသာ ဆောင်းဖရဲ

Sun, 03/20/2011 - 07:04 -- Anonymous (not verified)

 ဗန်းမော် - ရွှေကူ - ကသာ ဆောင်းဖရဲ                 ဗန်းမော်ဒေသ ရွှေကူဒေသနဲ့ ကသာဒေသတို့မှာ နိုဝင်ဘာ လဆန်းက စိုက်ပိုျးထားတဲ့ ဆောင်းဖရဲတွေထွက်နေပါပြီ။ ၄ ပိဿာအောက်စ ဖရဲသီးဆိုရင် ၁ဝ/၁၂ ဘီးကား ၁ စီးမှာ ဖရဲအလုံး (၃ဝဝဝ-၃၂ဝဝ) လောက်တင်နိုင်ပြီး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တဖက်နိုင်ငံ လိုင်းရင်း ဈေးကွက် ကို ပေါ်ဦးပေါ်ဖျားစပြီး တင်ပို့နေပါပြီ၊ အကြမ်းဖျင်း အားဖြင့် ဖရဲသီးကို ၄ ပိဿာအောက်နဲ့ ၄ ပိဿာအထက်လို့ ခွဲခြားပြီးရောင်းဝယ်ကြတာဖြစ်ပါတယ်။ဖရဲတစ်လုံး အနည်းဆုံး ၄ ပိဿာရှိတဲ့အရွယ်ကို ၄ ပိဿာအောက်စလို့ ခေါ်လေ့ ရှိပါတယ်။ ၄ ပိဿာမရှိတဲ့ အရွယ်ကိုတော့ အသီးအနေ အထား အရွယ်ကြည့်ပြီး ရောင်းဝယ်ကြပါတယ်။ယခုအခင်း ဈေး ၄ ပိဿာအောက်စ ၁ လုံး ၁ဝဝဝ-၁၂ဝဝ ကျပ်ရှိပြီး၊ အခင်း ကနေ ဆိပ်ကမ်းကို လှည်းခ ၁ လုံး ၇ဝ ကျပ်၊ တစ်စီးအလုံး ၅ဝ သာတင်နိုင်ကြောင်း၊ မော်တော်ခ ၃ သိန်း (ဗန်းမော်တပ်ကလေးဆိပ်ကြီးထိ) အလုပ်သမားခ ၁ သိန်း ၂ သောင်း၊ ကောက်ရိုး ၅ သောင်းကျပ်၊ ဗန်းမော်လွယ်ဂျယ်ကားခကားကြီးတစ်စီး ၇၅ဝဝဝဝ ကျပ်ကုန်ကျ ကြောင်း သိရပါတယ်။ အခင်းရှင်ကိုယ်တိုင် ဗန်းမော် နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် လိုင်းရင်းဈေးကွက်ကို ကိုယ် တိုင် ရောင်းချကြပြီး တရုတ်ဘက်ကလည်း ၄ ပိဿာ အောက်စဆိုရင် ဈေးကောင်းပေးကြကြောင်း၊ ဖရဲအရည် အသွေးနဲ့ အရွယ်အစားကောင်းရင် ကောင်းသလို ဈေးပိုရလေ့ရှိပြီး၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး ကားကွင်း ထဲမှာပဲ ကားအစီး လိုက် ရောင်းကြဝယ်ကြပါတယ်။ရွှေကူမြို့၊ ဇီးဖြူကုန်းမှာ ဧက (၂ဝ) စိုက်ပျိုးပြီးကိုယ်တိုင်တင်ပို့ ရောင်း ချတဲ့ ကိုဇော်မင်းသိန်းမှ လက်ရှိဈေးမှာ ကားကြီး ၁ စီး ၄ ပိဿာအောက်စ ၅၅ဝဝဝ-၆ဝဝဝဝ ယွမ်ဈေး ရှိကြောင်း၊ ဖရဲကား အတက် များလျှင် ဈေးကျသွားတတ်လေ့ ရှိကြောင်း၊ဒါ့ကြောင့် ရောင်းချတဲ့အခင်းရှင်များကလည်း အခိုျးကျညှိနှိုင်း တင်ပို့ဖို့လိုကြောင်း၊ ဖရဲဈေးလည်း အသင့်အတင့်ကောင်း၍ ဒီနှစ် တရုတ်ဘက်ကို ဖရဲတင်ပို့မှု ယခင်နှစ်ထက် ပိုကောင်း နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။                 နကသ(လဂ)MIRT