Main menu

Background

နယ်စပ်မှာ အရောင်းသွက်နေတဲ့ ဖရဲသခွားနဲ့ အခြားသစ်သီးဝလံများ

Sun, 03/20/2011 - 07:08 -- Anonymous (not verified)

နယ်စပ်မှာ အရောင်းသွက်နေတဲ့ ဖရဲသခွားနဲ့ အခြားသစ်သီးဝလံများ                 မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်နဲ့ မောင်တောတို့မှ ဖရဲသီး ၁ဝ၂၄၈ တန်ခန့် ကန်ဒေါ်လာ ၁ ဒသမ ၁၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။မောင်တောနယ်စပ်မှ ၂၇ တန်ခန့်နဲ့ မူဆယ်မှ ၁ဝ၂၂ဝ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။သခွားမွှေးတန်ချိန် ၃၃၁၈ တန်ကျော် ကန်ဒေါ်လာ ၅၅၈ဝဝဝ ဖိုးလည်း မူဆယ်မှ တင်ပို့နိုင်ခဲ့ပြီး ဆီးသီးအစို ၄၃၂ ဖာကန်ဒေါ်လာ ၁ သိန်းဖိုးလည်း တင်ပို့နိုင်ခဲ့ပါတယ်။ကန်ပိုက်တီးနယ်စပ်မှ တစ်ရှုး ငှက်ပျော တန် ၁ သိန်း၊ ကန်ဒေါ်လာ ၁၆၃၉၃ ဖိုးလည်း တင်ပို့နိုင်ခဲ့ပါတယ်။ ရိဒ်နဲ့ တမူးနယ်စပ်များမှ ကန်ဒေါ်လာ ၃ဝဝဝ တန်ဖိုးရှိ ချင်းတောင်ပန်းသီး ၈ တန် ကျော်လည်း တင်ပို့နိုင်ခဲ့တယ်လို့ သိရှိပါတယ်။ချင်းရွှေဟော်နယ်စပ်မှ ကန် ဒေါ်လာ ၆၂၉၂ ဒေါ်လာ တန်ဖိုးရှိ ဖရုံသီးတန် ၇ဝ လည်းတင်ပို့နိုင်ခဲ့ပါသေးတယ်။ MIRT (DOBT)