Main menu

Background

ပင်လယ်ရေကြောင်း အပို့လျော့

Sun, 03/20/2011 - 07:18 -- Anonymous (not verified)

ပင်လယ်ရေကြောင်း အပို့လျော့                   မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၃၃၇ တန် တန်ဖိုး ကန်ဒေါ်လာ (၁ ဒသမ ၃၅၄) သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန် ၁ဝဝဝ ကျော်တင်ပို့ နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ရော်ဘာအထွက်ကျပြီး လက်ကျန်နည်းခြင်း၊ တရုတ်မှ ဝယ်လိုအားလျော့ကျခြင်းနဲ့ ဆူနာမီဂယက်ကြောင့် ဂျပန်ရဲ့ ဈေးကွက်များခေတ္တပိတ်ထားခြင်းတို့ကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်ပါတယ်။ပင်လယ်ရေကြောင်းအပိုလျော့ပေမယ့်နယ်စပ်တင်ပို့မှုကတော့ ပုံမှန် ရှိနေတာတွေ့ ရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို RSS-3  ၈၇ တန်၊RSS-5  တန် ၃ဝ နဲ့မလေးရှားကို RSS-3  တန် ၂၂ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB  ဈေးနှုန်းတွေကတော့ RSS-3  တစ်တန်ကို ၄၉ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၈ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၉ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW