Main menu

Background

ရော်ဘာဈေး ဆက်တိုက်ကျနေလို့ ထိုင်းနိုင်ငံမှ ရော်ဘာတင်ပို့မှု ရွှေဆိုင်း

Sun, 03/20/2011 - 07:25 -- Anonymous (not verified)

ရော်ဘာဈေး ဆက်တိုက်ကျနေလို့ ထိုင်းနိုင်ငံမှ ရော်ဘာတင်ပို့မှု ရွှေဆိုင်း                     တစ်ချိန်က ဝယ်လိုအားတွေတစ်ရှိန်ထိုးတက်ခဲ့တဲ့ ရော်ဘာရဲ့ဈေးနှုန်းတွေ ဆက်လက်ကျဆင်းဆဲဖြစ်ပြီး လေးလထက်မနည်း အနိမ့်ဆုံးဈေးနှုန်းကို ရောက်ရှိနိုင်ကြောင်းခန့်မှန်းကြပါတယ်။ တိုကျိုကုန်စည်ဒိုင်ရဲ့ အရောင်း အဝယ်အများဆုံး သြဂုတ်လရဲ့ စာချုပ်ဈေးနှုန်းက မက်ထရစ်တစ်တန်ကို ၄ဝ၉၇ ဒေါ်လာရှိခဲ့ပါတယ်။ ဒါဟာ အလွန်စိုးရိမ်စရာဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်က ပို့ကုန်တင်ပို့သူတွေကို သင်္ဘောတင်ရွှေ့ဆိုင်းဖို့ အမိန့်ပေးခဲ့တာကြောင့် ထိုင်းရဲ့ရော်ဘာ တင်ပို့မှုရပ်ဆိုင်းဖို့ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဘဏ်တွေကိုလဲ ပို့ကုန် တင်ပို့သူများကို ငွေချေးပေးဖို့ ညွှန်ကြားထား တာကြောင့် ကုန်သည်တွေက ရော်ဘာသိုလှောင်ထားနိုင်ကြောင်း သိရပါတယ်။ အစိုးရက တောင်သူတွေကိုလည်း ထုတ်ကုန်တွေကို ဈေးနိမ့်နဲ့မရောင်းဖို့ တားမြစ်ထားပါတယ်။ ရော်ဘာက ဖေဖော်ဝါရီလလယ်ကစပြီး ၂၃ ရာခိုင်နှုန်း တစ်ရှိန်ထိုးဈေးကျ ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းပြဿနာ၊ တရုတ်ရဲ့အဓိကကဏ္ဍများမှာ တိုးတက်မှုနှုန်းကျဆင်းခြင်းမှသည် ဂျပန်နိုင်ငံရဲ့ သဘာဝဘေးကျရောက်မှုက အဓိကကျတဲ့မော်တော်ကားလုပ်ငန်းတွေကို ရပ်ဆိုင်းစေခဲ့ကြောင်း သိရပါတယ်။ နျူကလီးယား ရဲ့ ခြောက်လှန့်မှုက ဈေးကွက်များကို ကမောက်ကမဖြစ်စေပြီး ရွှေရောင်လွှမ်းခဲ့တဲ့ ဈေးကွက်တွေဟာ မှေးမှိန်သေးသိမ်သွားစေပါတယ်။ ဂျပန်ကားလုပ်ငန်းတွေက အရောင်းအဝယ်ရပ်နေကြပါတယ်။ တိုကိုျကုန်စည်ဒိုင်မှာ ဧပြီလအတွက် ရော်ဘာ စာခုျပ်တွေကို ရွှေ့ဆိုင်းထားရပါတယ်။ မော်တော်ကားထုတ်လုပ်မှုမှာ အကြီးဆုံးကုမ္ပဏီတွေဖြစ်တဲ့ ဟွန်ဒါနဲ့ နစ်ဆန်းက လုပ်ငန်းတဝက်ကိုသာ ဆောင်ရွက်နိုင်ပါတယ်။ တိုယိုတာကတော့ ၎င်းရဲ့စက်ရုံတွေကို မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ပိတ်ထားပြီး အီဆူဇူးနဲ့ ဟီးနိုးမော်တော်ကားအုပ်စုတွေကတော့ မတ်လ ၁၈ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ပါတယ်။ နစ်ဆန်းကုမ္ပဏီကတော့ ၎င်းရဲ့ကားစီးရေ ၂၃ဝဝ ပျက်စီးပြီး စက်ရုံ ၄ ခုမှာ အသေးစားပျက်စီးမှုတွေရှိကြောင်း အစီရင်ခံခဲ့တယ် လို့ သတင်းရရှိပါတယ်။ Source: Commodity Online ,KZW