Main menu

Background

ဂျပန်ငလျင်ကြောင့် အိန္ဒိယရော်ဘာ စိုက်သူတို့ထိခိုက်

Sun, 03/20/2011 - 07:29 -- Anonymous (not verified)

ဂျပန်ငလျင်ကြောင့် အိန္ဒိယရော်ဘာ စိုက်သူတို့ထိခိုက်                    မြေငလျင်နဲ့ ဆူနာမီလှိုင်းများ ဂျပန်မှာ ကျရောက်ခြင်းအကျိုးဆက်က အိန္ဒိယရဲ့တောင်ပိုင်းမှာရှိတဲ့ ကာရာလာ ဒေသကို ထိခိုက်စေခဲ့ကြောင်းသိရပါတယ်။ အဲဒီဒေသမှာ နေထိုင်တဲ့အိန္ဒိယတိုင်းရင်းသားတွေက ဂျပန်နိုင်ငံအပေါ်မှာ မှီခိုနေရပြီး သူတို့ဒေသရဲ့အဓိကထွက်ကုန်ရော်ဘာက တိုကျိုကုန်စည်ဒိုင် (Tocom)  ရဲ့ အထင်ကရ ကုန်ပစ္စည်းဖြစ်ပြီး ကာရာလာရဲ့ အသက်ရှင် ရပ်တည်မှုအတွက် အရေးကြီးတဲ့ ကုန်ပစ္စည်းဖြစ်ပါတယ်။ ကမ္ဘာ့ တစ်ဝန်းကုန်ပစ္စည်းတွေရှားပါးပြီး ဈေးကောင်းရ လာတာက ထုတ်လုပ်သူတွေအတွက် ပိုမိုကောင်းမွန်စေပြီး ဈေးနှုန်း အပြောင်းအလဲအတက်အကျကတော့ ပကတိအခြေအနေ အကြောင်းတရားတွေပေါ်မှာ မူတည်ပါတယ်။ ဂျပန်က သဘောဝဘေးအန္တရာယ်ဒဏ်ကို ခံစားရပြီး စီးပွားရေးအထိနာ နေချိန်မှာ ပြန်လည် ဦးမော့ဖို့ အချိန်ယူရဦးမှာဖြစ်ပါတယ်။ ဂျပန်ရဲ့ရော်ဘာဝယ်လိုအားလည်း ကျဆင်းသွားပြီး ရော်ဘာ ဈေးနှုန်းတွေလဲ သုံးလ အတွင်း အနိမ့်ဆုံးကိုရောက်သွားနိုင်ကြောင်း မှန်းဆကြပါတယ်။ တိုကျိုကုန်စည်ဒိုင် (Tocom)  ရဲ့ သြဂုတ်လ အလားအလာကတော့ဈေးကျပြီး တစ်ကီလိုဂရမ်ကို ၃၈၅ ယန်း (၄ ဒသမ ၆ ဒေါ်လာ) သာရှိနိုင်ကြောင်း သိရပါတယ်။ (Tocom)  ရဲ့ ဝယ်လိုအားက နိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးအသုံးပြုမှုနဲ့ တိုက်ရိုက်ပတ်သက်ပြီး ဈေးကျတာကတော့ နားမလည်နိုင်တဲ့ပုစ္ဆာဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီအကျိုးဆက်ကို ကာရာလာလယ်သမားတွေအတွက် အလွန်ဆိုးရွားတဲ့ ဈေးနှုန်းကို ဖြစ်စေနိုင်ကြောင်းသိရပါတယ်။ ဂျပန်တစ်နိုင်ငံတည်းက ရော်ဘာသုံးစွဲသူမဟုတ်တဲ့ အတွက် ရော်ဘာ ဝယ်လိုအား တက်နေဦးမှာ ဖြစ်တယ်လို့ သုတေသီများက သုံးသပ်ပြန်ပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာ ရော်ဘာ အရောင်းအဝယ်ဟာ (၅၈ဝ၅၈) တန် ဝန်းကျင်ရှိပြီး ယခင်နှစ် ၁၅၁၈၃၂ တန် ထက် ၆၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။ ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းANRPC  ရဲ့ ထုတ်ပြန်ချက်အရတော့ တရုတ်ရဲ့ ရော်ဘာသုံးစွဲမှု ၉ ရာခိုင်နှုန်း မြင့်တက်ဖွယ် ရှိပြီး တန်ချိန် ၃ ဒသမ ၆ သန်းနဲ့ အိန္ဒိယက ၅ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၉၉၁ဝဝဝ သုံးစွဲဖွယ်ရှိကြောင်း သိရပါတယ်။ ခရီးသည်တင်ကားရောင်းချရနှုန်းက တစ်နှစ်ထက်တစ်နှစ် ၁၆ ဒသမ ၂ ရာခိုင်နှုန်းတိုးပြီး ၁ ဒသမ ၅၃ သန်း ရောင်းချရခဲ့ကြောင်း ခရီးသည်တင်ကားထုတ်လုပ်ရေးအသင်းက ကြေညာခဲ့ပါတယ်။ Source: Commodity Online, KZW