Main menu

Background

နယ်စပ် အပို့ တန် ၆၄ဝဝ ကျော်ရှိ

Sun, 03/20/2011 - 07:38 -- Anonymous (not verified)

နယ်စပ် အပို့ တန် ၆၄ဝဝ ကျော်ရှိ                  မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ် စခန်းများမှ ပြောင်းဖူးစေ့တန်ချိန် ၆၄၄ဝ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၁၂ သန်းဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ယခင် အပတ်က မူဆယ်-လွယ်ဂျယ်နဲ့ချင်းရွှေဟော် နယ်စပ်စခန်းများမှ တန်ချိန် ၈၆ဝဝ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂၁ဝဝ ကျော်လျော့နည်း တင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်မှ တန် ၁၆ဝဝ ကျော်၊ လွယ်ဂျယ်မှ တန် ၄၂ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ခြင်း မရှိတဲ့အတွက် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသ ကြီးက ထွက်ရှိတဲ့ပြောင်းဖူးစေ့ တင်ပို့နိုင်မှုနည်းပါးပြီး ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲပတ်ဝန်းကျင် ဒေသထွက်ပြောင်းဖူးစေ့များ တင်ပို့ လျက်ရှိတာ ဖြစ်ပါတယ်။ယခုအပတ်ပြည်တွင်းနဲ့ တစ်ဘက်နိုင်ငံဈေးနှုန်းမှာ လျော့ကျလျက်ရှိပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                                   မိမိဘက်(ကျပ်/တန်)            တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                           ယခု           ယခင်     ပြောင်းလဲမှု   %        ယခု      ယခင် ပြောင်းလဲမှု   %ပြောင်းဖူးစေ့     ၂၈၄၃၄၃     ၂၉ဝဝ၅၆    ၅၇၁၃         ၂       ၂၇၇      ၂၈၃            ၁၃       ၅MIRT (DOBT)