Main menu

Background

ပြည်ပသို့တင်ပို့သည့် ငါးအမယ်ပေါင်း ၁၄၄ ဖျိုးရှိနေ

Sun, 03/20/2011 - 07:53 -- Anonymous (not verified)

ပြည်ပသို့တင်ပို့သည့် ငါးအမယ်ပေါင်း ၁၄၄ ဖျိုးရှိနေ                 လတ်တလောအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ရောင်းချရာတွင် ငါးအမယ်ပေါင်း ၁၄၄ မျိုးရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ ''ရေလုပ်ငန်းက ပြည်ပကိုတင်ပို့ရာတွင် သယံဇာတမျိုးစုံပါဝင်ပြီး ငါးဦးစီးက စိစစ်တင်ပို့ရာမှာ လတ်တလောအနေနဲ့ အမယ်ပေါင်း ၁၄၄ မျိုးရှိနေပါတယ်။ ဒီအထဲမှာ ရေငန်ငါး ၅၆ မျိုး၊ ရေချိုငါး ၂၈ မျိုး၊ ရေငန်ပုစွန် ၁၁ မျိုး၊ ရေချိုပုစွန် ၂ မျိုးနဲ့အခြား ၄၇ မျိုးတို့ပါဝင်ပါတယ်။ ငါးဦးစီးအနေနဲ့ ပြည်ပပို့ကုန်တွေကို စစ်ဆေးတဲ့အခါ ှSpecies ၊အရေအတွက်၊ အမျိုး အစား၊ အရွယ်တွေမှန်ကန်ဖို့လိုအပ်မှာဖြစ်သလို ဝန်ထမ်းများ အနေဖြင့် ငါးတင်၊ ငါးချဆိပ်ကမ်းများသာမက ငါးကုန် တက်များတွင် ငါးအမျိုးအစားများ မှန်ကန်စွာစစ်ဆေးနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ယင်းဌာနက ညွှန်ကြားရေးမှူးချုပ်က ပြော ကြားသည်။ ၂ဝဝ၈-၂ဝဝ၉ ခုနှစ်အတွင်း ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့သည့် ကုမ္ပဏီ ပေါင်း ၄၂၃ ခု ရှိနေခဲ့သည်ဟု ဆိုသည်။MN