Main menu

Background

ရေထွက်ကုန်တင်ပို့မှုက တစ်ရက်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ရရှိနေ

Sun, 03/20/2011 - 07:53 -- Anonymous (not verified)

ရေထွက်ကုန်တင်ပို့မှုက တစ်ရက်ဒေါ်လာ ၁ ဒသမ ၃ သန်းကျော်ရရှိနေ             ၂ဝ၁၁ ခုနှစ် မတ်လအတွင်း ရေထွက်ကုန်တင်ပို့မှုက တစ်ရက်ပျမ်းမျှဒေါ်လာ ၁ ဒသမ ၃ သန်းကျော် ရရှိနေကြောင်း ရေထွက်ကုန်ပစ္စည်းတင်ပို့သူများထံက သိရ သည်။             ''မတ်လ ၁ ရက်နေ့က ၆ ရက်နေ့အထိ ရေထွက်ကုန် တင်ပို့မှုက ဒေါ်လာ ၆ ဒသမ ၃၇ သန်းကျော်၊ မတ်လ ၇ ရက်က ၁၃ ရက်အထိ ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၁ဝ ဒသမ ၇၇ သန်းကျော် စုစုပေါင်း ၈ ဒသမ ၁၄၇ သန်းဆို တော့ တစ်ရက်ပျမ်းမျှဝင်ငွေက ဒေါ်လာ ၁ ဒသမ ၃ သန်း ကျော်ရှိနေပါတယ်။ နယ်စပ် ကုန်သွယ်ရေးစခန်းတွေဖြစ် တဲ့ မူဆယ်၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တောတို့ကနေ နယ်စပ်ကုန်သွယ်မှုရော၊ ရေကြောင်းကုန်သွယ်မှုနဲ့ပါ ရေ ထွက်ကုန်တွေကို ပြည်ပတင်ပို့နေပါတယ်'' ဟု ရေထွက်ကုန် ပစ္စည်းများနှင့် ထုတ်လုပ်တင်ပို့သူများအသင်းက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။           ၂ဝ၁ဝ ခုနှစ် မတ်လအတွင်း ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချမှုက ဒေါ်လာ ၅ဝ ဒသမ ဝဝ၈ သန်း ရရှိထား ခဲ့သည်ဟု ဆိုသည်။ MN