အဲပုဂံ လေကြောင်းလိုင်းမှ ဖူးခက်နှင့် ဆီရမ်ရိသို့ ပြေးဆွဲမည်
အဲပုဂံ လေကြောင်းလိုင်းမှ ဖူးခက်နှင့် ဆီရမ်ရိသို့ ပြေးဆွဲမည် ပြည်တွင်းတိုင်းရင်းသားပိုင် အဲပုဂံလေကြောင်းလိုင်းသည် ထိုင်းနိုင်ငံ ဖူးခက်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိသို့ ပံျသန်းပြေးဆွဲသွားရန် စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် လာမည့် ဧပြီလ ၁၁ ရက်နေ့မှစတင်ကာ ဖူးခက်သို့တစ်ပတ်လျှင် နှစ်ကြိမ်ပံျသန်းပြေးဆွဲသွားမည်ဖြစ်ပြီး ဆီရမ်ရိခရီးစဉ်ကို လာမည့်အောက်တိုဘာမှသာ ပံျသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ဖူးခက်ခရီးစဉ်အတွက် ခရီးသည် ၉၃ ဦးလိုက်ပါနိုင်သည့် ဖော့ကာ- ၁ဝဝ လေယာဉ်ဖြင့် ပံျသန်းသွားမည်ဖြစ်ပြီး တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (သို့) အက်ဖ်အီးစီ ၃၅ဝ ဝန်းကျင်ကျသင့်မည်ဖြစ်ကြောင်း၊ လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ပြည်ပခရီးစဉ်များအဖြစ် ချင်းမိုင်နှင့် ဂါယာတို့ကို ပုံမှန်ပြေးဆွဲလျက်ရှိပြီး မြန်မာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက်ရည်ရွယ်ကာ ယခုကဲ့သို့ ခရီးစဉ်သစ်များ တိုးခဲျ့ပံျသန်းရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါလေကြောင်းလိုင်း သည် ပြည်တွင်းခရီးစဉ်များကို ပုံမှန်ပံျသန်းပေးလျက်ရှိသည့်အပြင် ပြည်ပခရီးစဉ်များ ပံျသန်းပြေးဆွဲ လာသဖြင့် ခရီးသွားများအနေဖြင့် ရွေးချယ်စရာများလာကြောင်း သိရသည်။ '' ပြည်တွင်းက ပြည်ပကို အလည်အပတ်သွားကြတာ များလာတာနဲ့အတူ ရွေးချယ်စရာ ပေါများ လာတာကောင်း တယ်။ ဖူးခက်ဆိုတာကလဲ နှစ်စဉ် နိုင်ငံခြားသား ကမ္ဘာလှည့်တွေလာနေကြတယ်။ အဲဒီထဲက ရာခိုင်နှုန်းတစ်ခုအထိ မြန်မာပြည်ထဲလာရင်တောင် ဒီကလုပ်ငန်းတွေအတွက် အကိုျးရှိပါတယ်။ ဒီလိုလေကြောင်းလိုင်း ခရီးစဉ်တွေကြောင့်လဲ ခရီးစဉ်ရောင်းဖို့အဆင်ပြေပါတယ်''ဟု ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောကြား သည်။ အဆိုပါလေကြောင်းလိုင်းတွင် အေတီအာ-၇၂ လေယာဉ် နှစ်စင်း၊ အေတီအာ-၄၂ လေယာဉ်နှစ်စင်းနှင့် ဖော့ကာ-၁ဝဝ လေယာဉ် နှစ်စင်း စုစုပေါင်းလေယာဉ် ခြောက်စင်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ ကိုဖြိုး
