Main menu

Background

မန္တလေးကားဈေးကွက် အရောင်းအဝယ်ဖြစ်လာ

Sun, 03/20/2011 - 09:17 -- Anonymous (not verified)

 မန္တလေးကားဈေးကွက် အရောင်းအဝယ်ဖြစ်လာ           ယခုလတွင် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလထက် မန္တလေးကားဈေးကွက် အတွင်း ကားမျိုးစုံ အရောင်းအဝယ် ဖြစ်လာကြောင်း (လမ်း ၆ ) ကားရောင်းဝယ်ရေးစခန်းမှ သိရပါတယ်။ ကားဝယ်ရောင်းသူ ဦးဝင်းမြင့်ဦးက ''ဒီလထဲမှာ ရွှေဈေးက တဖြည်းဖြည်း တက်လာတာကြောင့် ရွှေရောင်းပြီး ကားဝယ်စီးလာကြတဲ့အတွက်အရောင်း အဝယ် ဖြစ်လာတယ်။ မန္တလေးဈေး ကွက်မှာ အထက်မြန်မာပြည်က နယ်မြို့လေးတွေက လာဝယ်ကြတယ်။ အရောင်းအဝယ် ဖြစ်လာတဲ့အတွက် ဈေးကွက်အပြောင်းအလဲရှိလာတယ်။ ကားဈေးနှုန်းလိုက်ပြီး ဈေးပိုလာတယ်'' လို့ ပြောပါတယ်။                မန္တလေး ကားဈေးကွက်တွင် မတ်လအတွင်းဖြစ်ပေါ်တဲ့ ကားဈေးနှုန်း များမှာ စူပါဆလွန်း (86/87 M) လ. သ.အ (ကားသန့်) ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ လီမိတက် (88/89 M) ဘ.လ.သ.အ(ကားသန့်) ကျပ်သိန်း ၂၂ဝ ဝန်းကျင်၊ နောက်ဆွဲဗင် (86/87 M) လ.သ.အ (ကားသန့်)1.3 အင်ဂျင်ကျပ်သိန်း ၁၈ဝ ဝန်းကျင်၊ 1.5 အင်ဂျင် ကျပ်သိန်း ၂ဝဝ အထက်၊ ရှေ့ဆွဲဗင် 'က' စီးရီး (ကားသန့်) (88/89 M)  ကျပ်သိန်း ၂ဝဝအထက်၊ မတ်တူးရွှေငါး (2002/2003 M)  ၄ဂ၊ ၅ဂ ကျပ်သိန်း ၉ဝဝ ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ၄ဂ၊ ၅ဂ (ကားသန့်) (01.02 M) ကျပ် သိန်း ၅ဝဝ ဝန်းကျင်၊ Light Truck  (01.02 M)ကားသန့် ကျပ်သိန်း ၁၆ဝ အထက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး