Main menu

Background

မန်ကျည်းအပို့သာခဲ့

Sun, 03/20/2011 - 09:47 -- Anonymous (not verified)

မန်ကျည်းအပို့သာခဲ့                  ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၅၄၅ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၇၄ တန်၊ မလေးရှားနိုင်ငံကို ၂ဝ၆ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ စင်ကာပူကို ၁၉၂ တန်နဲ့ ထိုင်းနိုင်ငံကို ၄၈ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းသီးတန်ချိန် ၁၉ဝ နီးပါးတင်ပို့ခဲ့တဲ့အတွက် ဒီသီတင်းပတ်မှာ အပို့သာခဲ့တာတွေ့ရပါတယ်။ အက်ဖ် အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၆ဝ ဝန်းကျင်ရရှိခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ၁၉၇၉ဝ၅ ဒေါ်လာရရှိခဲ့ပါတယ်။                  MIRT (DOT)