Main menu

Background

ငလျင်ကြောင့် ဂျပန်ရေနံချက်စက်ရုံများ ထိခိုက်ပြီးနောက် ရေနံဈေးကွက်

Sun, 03/20/2011 - 11:01 -- Anonymous (not verified)

 ငလျင်ကြောင့် ဂျပန်ရေနံချက်စက်ရုံများ ထိခိုက်ပြီးနောက် ရေနံဈေးကွက်                  ဂျပန်နိုင်ငံမှာ မတ် ၁၁ ရက်က ပြင်းအား ၉ အဆင့်ရှိ ငလျင် လှုပ်ပြီးနောက် နိုင်ငံအရှေ့မြောက်ဘက် ပင်လယ်ကမ်းခြေမှာ ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဒဏ်ကြောင့် အဓိက ရေနံချက် စက်ရုံတစ်ရုံ မီးလောင်ပြီး နျူကလီးယားစက်ရုံအချို့ကို ပိတ်ခဲ့ရပါတယ်။ ဒါကြောင့် တိုကျိုမြို့ရှိ အဆောက်အအုံ သန်းပေါင်းများစွာ လျှပ်စစ်မီး မှောင်ကျခဲ့ရပါတယ်။                  မြေငလျင်လှုပ်ပြီးတဲ့နောက် ပိတ်လိုက်ရတဲ့ ရေနံချက်စက်ရုံ ခြောက်ခုရှိပြီး ဂျပန်နိုင်ငံရေနံချက်လုပ်မှုရဲ့ ၃၁ ရာခိုင် နှုန်းလောက် ရှိပါတယ်။ ဒီရေနံချက်စက်ရုံတွေကို ဘယ်တော့ပြန်ဖွင့်နိုင်မယ်ဆို တာ မသေချာသေးဘူးလို့ ရိုက်တာသတင်းဌာနက သတင်းပေးပို့ပါတယ်။ ဒီလိုရေနံချက်စက်ရုံတွေ ပိတ်လိုက်လို့ ရေနံစိမ်းတင်ပို့မှု ကျ ဆင်းမယ်။ ဒါကြောင့် ရေနံစိမ်းဈေးနှုန်းကျဆင်းမယ်လို့ တချို့မီဒီယာ တွေက ပြောပါတယ်။ မြေငလျင်လှုပ်ပြီးတဲ့နောက် ပိတ်လိုက်ရတဲ့ နျူကလီးယားဓာတ်ပေါင်းဖို ၁၂ ခုနဲ့ အပူစွမ်းအင်သုံးလျှပ်စစ်စက်ရုံ ၂၁ ရုံရှိပါတယ်။ ဒီစက်ရုံတွေကထုတ်လုပ်ပေးတဲ့ စွမ်းအင်က တစ် နိုင်ငံလုံးစွမ်းအင်ရဲ့ ၉ ရာခိုင်နှုန်းရှိပါတယ်။                 ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတွေက အစဉ် အလာအားဖြင့် ဈေးသက်သာတဲ့ နျူကလီးယား၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေကိုသုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကြပါ တယ်။ ဂျပန်နိုင်ငံက ဆာလဖာအပါနည်းတဲ့ လောင်စာဆီကို အင်ဒိုနီးရှားနဲ့ မလေးရှားက ဝယ်ယူတယ်လို့ဆိုပါတယ်။ စက်ရုံတွေက လျှပ်စစ်ဓာတ်အားရဖို့ ကိုယ်ပိုင်လျှပ်ထုတ်စက်တွေကို သုံးတဲ့အတွက် ဒီဇယ်လိုလောင်စာဆီမျိုးက ဝယ်လိုအားမြင့်တက်နိုင်တယ်လို့ မစ်ဆု အိကုမ္ပဏီက မစ္စတာကာမိယာမက ပြောပါတယ်။ မြေငလျင်လှုပ်ပြီး တဲ့နောက်ပိုင်း စင်ကာပူမှာ ပရီမီယံဒီဇယ်ကနေ ဒူဘိုင်းရေနံစိမ်း အထိ ရေနံစိမ်းဈေးတွေဟာ လေးရက်အတွင်း ပထမဆုံးအကြိမ် အဖြစ် မြင့်တက်ခဲ့ပါတယ်။ PVM Oil Associate  ရဲ့စာရင်းဇယား တွေအရ မတ်လ ၁၁ ရက်က တစ်စည်အပေါ် ၁၉ ဒသမ ၇၇ ဒေါ်လာအထိ ဈေးတက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံက စွမ်းအင်တင်သွင်းမှု တိုးမြှင့်                        ဂျပန်နိုင်ငံမှာသုံးစွဲနေတဲ့ လျှပ်စစ်စွမ်းအင်ရဲ့ ၂၅ ရာခိုင်နှုန်းက နျူကလီးယားစွမ်းအင်ကနေ ရယူသုံးစွဲတာဖြစ်ပါတယ်။ ဒါကြောင့် ငလျင်လှုပ်ပြီးတဲ့နောက် နျူကလီးယားဓာတ်ပေါင်းဖို ၁၂ လုံးကို ပိတ် လိုက်ရတဲ့အတွက် ဂျပန်နိုင်ငံက ရေနံထွက်ပစ္စည်းနဲ့ တခြားစွမ်းအင် ရင်းမြစ်တွေကို တင်သွင်းရတော့မဲ့သဘောရှိပါတယ်။                          ဂျပန်နိုင်ငံရဲ့ စွမ်းအင်ထုတ်လုပ်မှုက အများအားဖြင့် ကျောက် မီးသွေးနဲ့ သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရပါတယ်။ ဒါကြောင့် ဒီဇယ် (လျှပ်ထုတ်စက်တွေအတွက်) နဲ့ တခြားရေနံထွက်ပစ္စည်း (ပြည်တွင်းထုတ်လုပ်မှု ရပ်ဆိုင်းသွားတဲ့အတွက်)တွေ အဓိကတင် သွင်းရပါမယ်။ ဒီ့အပြင် သဘာဝဓာတ်ငွေ့ရည်(LNG) နဲ့ ကျောက်မီး သွေးတွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။ လောင်စာဈေးနှုန်း                    ဂျပန်ကို ရေနံတင်သွင်းတာရပ်ဆိုင်းတဲ့အတွက် ရေနံစိမ်းဈေးနှုန်းမြင့်တက်နေတဲ့ အရှိန်အဟုန်ကို ရပ်တန့်စေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဂျပန်ရေနံချက်စက် ရုံတွေပိတ်လိုက်တဲ့အချိန်ဟာ တရုတ်နဲ့ ဂျပန်နိုင်ငံမှာ နှစ်စဉ်စက်ကြံ့ခိုင်ရေးအတွက် ပုံမှန်ပြုပြင်ဖို့ ပိတ်ရမဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒါကြောင့် ဧပြီ-ဇွန် သုံးလပတ်မှ တစ်ရက်ထုတ်လုပ်မှုက ၂ ဒသမ ၁၂ သန်းထိ ကျဆင်းနိုင်ပါတယ်။ ဒီပမာဏက ဒေသတွင်းထုတ်လုပ်မှု စုစုပေါင်းရဲ့ ၆ ဒသမ ၈ ရာခိုင် နှုန်းရှိပါတယ်။                     ဒါ့အပြင် ဒုတိယသုံးလပတ်က ထုံးစံအားဖြင့် ရေနံချက်စက် ရုံတွေ နှစ်တစ်ပတ်လည်ပြင်ဆင်မှုအဖြစ် ထုတ်လုပ်မှုရပ်ဆိုင်းထား ချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီဇယ်၊ ဓာတ်ဆီ၊LNG နဲ့ ကျောက် မီးသွေးဈေးတွေ တက်တတ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ တရုတ်နဲ့ ဒေသတွင်းရှိ တခြားရေနံချက်စက်ရုံတွေ အတွက် ပွပေါက်တိုးတတ်ပါတယ်။                    ဂျပန်နိုင်ငံမှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အကြီး အကျယ်လုပ်ရမှာဖြစ်လို့ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာနဲ့ စက်မှု ကုန်ကြမ်းနဲ့ ယန္တရားကုမ္ပဏီတွေအတွက် အကျိုးဖြစ်စေနိုင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အနုတ်အသိမ်း                    အမေရိကန်ပြည်ထောင်စု စွမ်းအင်ပြန်ကြားရေး စီမံခန့်ခွဲမှု ဌာန စာရင်းအရ ဂျပန်နိုင်ငံရဲ့ ရေနံတင်သွင်းမှုက တစ်ရက်ကို စည် ၄ ဒသမ ၇ သန်း ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ စက်ရုံ ၂၉ ခုက ပြန်လည်သန့်စင်ကြိုချက်နိုင်တဲ့ ပမာဏက ၄ ဒသမ ၆ သန်းရှိခဲ့ပါတယ်။ ရိုက်တာသတင်းဌာနအဆိုအရ ရေနံချက်စက်ရုံ ခြောက်ရုံကို ပိတ်လိုက်ရတဲ့အတွက် တစ်ရက်ကို ရေနံစည် ၁ ဒသမ ၄ဝ သန်း ထုတ်လုပ်မှုကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီပမာဏက ကမ္ဘာ့ဝယ်လို အားရဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်းရှိပါတယ်။                 ဂျပန်နိုင်ငံဟာ ၂ဝဝ၉ ခုနှစ်က အမေရိကန်နိုင်ငံပြီးလျှင် ရေနံ ဒုတိယအများဆုံး တင်သွင်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ မြေငလျင်ကိစ္စ အတွက် တင်သွင်းမှုလျော့တာကြောင့် ကမ္ဘာ့ရေနံဈေးကွက်ကို ထူးထူးခြားခြား ထိခိုက်မှုမရှိနိုင်လောက်ပါဘူး။ မတ် ၁၆ ရက်မှာ ယေဘုယျအားဖြင့် စွမ်းအင်ဈေးနှုန်းတွေ အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနှင့် မြောက် အာဖရိကမှာ မငြိမ်မသက်မှုက ရေနံစိမ်းဖြန့်ဖြူးမှုကို အခက်အခဲ တွေ့စေမည်ဆိုတဲ့ ယူဆချက်နဲ့ မြေငလျင်နှင့် ဆူနာမီက ရေနံဝယ်လို အားကို ကျဆင်းစေမယ်ဆိုတဲ့ ယူဆချက်ကြောင့် ပထမပိုင်းဆုံးရှုံးမှု တွေကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်လို့ Standard New York Securities Inc မှ  James Zhang က ပြောပါတယ်။                    ငလျင်ဒဏ်ကြောင့် ဂျပန်နိုင်ငံမှာ စွမ်းအင်လိုအပ်ချက်က ပထမပိုင်းမှာ ကျဆင်းပေမဲ့ ဂျပန်နိုင်ငံက ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး တင်သွင်းမှုတွေကို နောက်ပိုင်းမှာ တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။ သာမန်အားဖြင့် နျူကလီး ယားဓါတ်ပေါင်းဖို ၅ဝ က ဂျပန်လျှပ်စစ်လိုအပ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဖြန့်ဝေပေးပါတယ်။ နျူကလီးယားစက်ရုံ လေးခုက ဓာတ်ပေါင်းဖို ၁၂ ခုကို ပိတ်ထား ရတယ်လို့ ဂျပန်နျူကလီးယားအေဂျင်စီက ပြောပါတယ်။ ဂျပန်နိုင်ငံစွမ်းအင်ထုတ်လုပ်မှုရဲ့ အများဆုံးအစိတ်အပိုင်းဖြစ်တဲ့ ၂၈ ရာခိုင်နှုန်းက ကျောက်မီးသွေးစက်ရုံတွေက ရပါတယ်။ ဒီထဲက မြေငလျင်ကြောင့် စက်ရုံငါးခုကိုပိတ်ထားပါတယ်။ ဂျပန်မှာ ကျောက်မီးသွေးကထုတ်နေတဲ့ လျှပ်စစ်ဓာတ်အားရဲ့ ၁ဝ ရာခိုင်နှုန်း လျှော့ချ ခဲ့ရပါတယ်။ ဂျပန်မှာ ဓာတ်ငွေ့ရည်  LNG နဲ့ ရေနံစိမ်းတို့နဲ့ လည်ပတ် နေတဲ့ လျှပ်စစ်ဓာတ်အားထုတ်တဲ့ ဂျင်နရေတာတွေရှိပါတယ်။  လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက် ဂျပန်နိုင်ငံက တစ် ရက်ကို ကျောက်မီးသွေးတန် ၇၈ဝဝ နဲ့ လောင်စာဆီ (Fuel Oil) စည် ၁၄၃ဝဝဝ လိုအပ်မယ်လို့ Barclays Capital က ခန့်မှန်းပါတယ်။ နောက် ထပ်ပြီး ရေနံစိမ်းအပိုတစ်နေ့ စည် ၆၇ဝဝဝ နဲ့ LNG ကုဗပေ သန်း ၆၇ဝဝဝ လိုမှာ ဖြစ်ပါတယ်။                  သြဂုတ်လမှစပြီး ဂျပန်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်ပြည့်မီဖို့ တစ်ရက်ကို ရေနံစည် ၁၅ဝဝဝဝ မှ ၂ဝဝဝဝဝ ထိ ပိုမိုသုံးစွဲမယ်လို့ JP Margan  က ခန့်မှန်းထားသည်။ ယခင်နှစ်က ဤကိစ္စအတွက် တစ်ရက်ရေနံစည် ၃ဝဝဝဝဝ အသုံးပြုခဲ့ရပါတယ်။ မင်္ဂလာသတင်းတွေ                    ဂျပန်ရေနံချက်လုပ်ရေး ကုမ္ပဏီတွေက ငလျင်ဒဏ်ခံရတဲ့ သူတို့စက်ရုံတွေကို ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ ပိတ်ထားခဲ့ရတဲ့ စက်ရုံ ခြောက်ခုအနက် သုံးခုကို မတ် ၁၆ ရက်ကစပြီး ပြင်ဆင်မှုတွေ လုပ်နေပါပြီ။                    တိုကိုျပင်လယ်အော်ဒေသ ချီဘားမှာရှိတဲ့ အိချီဟာရရေနံချက်စက်ရုံကို ပြင်ဆင်နေပြီလို့ Kyokuto Petroleum Industries  ကုမ္ပဏီက ကြေညာပါတယ်။ ဒီကုမ္ပဏီက နောက်ဆုံး ကြေညာတဲ့ကုမ္ပဏီဖြစ်ပြီး တစ်နေ့ကို ရေနံစိမ်း စည် ၁၇၅ဝဝဝ ကို ချက်လုပ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ ကုန်ပစ္စည်းထွက်မယ် ဆိုတာတော့ မပြောနိုင်သေးပါဘူး။                   ယခုလိုကြေညာတဲ့အထဲမှာ ဂျပန်နိုင်ငံမှာ အကြီးဆုံး ရေနံချက် လုပ်ငန်းဖြစ်တဲ့ JX လည်း ပါဝင်ပါတယ်။ လောလောဆယ်မှာ Cosmo Oil  ရဲ့ရေနံသိုလှောင်ကန်က မီးလောင်နေဆဲဖြစ်ပြီး မီးငြိမ်းဖို့ နောက်ထပ်ရက်အတန်ကြာဦးမယ်လို့ ကုမ္ပဏီကပြောပါတယ်။ လက်ရှိလည်ပတ်နေတဲ့ ရေနံချက်စက်ရုံတွေရဲ့ ထုတ်လုပ်မှု စွမ်းအားက တစ်ရက် စည် ၃ ဒသမ ၁၂ သန်းရှိပါတယ်။ ဒါပေမဲ့ ဒီအထဲက ဘယ်လောက်ကို သုံးနေတယ်ဆိုတာကို မသိရပါဘူး။ မြေငလျင်မလှုပ်မီ မတ် ၅ ရက်မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ်မှာ ဂျပန်ရဲ့ ရေနံချက်လုပ်မှုက ၃ ဒသမ ၉၅ သန်းရှိပြီး တစ်ပြည်လုံး စုစုပေါင်းလိုအပ်ချက်ဖြစ်တဲ့ ၈၇ ရာခိုင်နှုန်းရှိတယ်လို့ ဂျပန်ဓာတ် ဆီအသင်းက ပြောပါတယ်။ Sources:plattsenergyweektv.com, ogjonline.com, Reuters,marketoracle. co.uk;gogle.com;