Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်

Mon, 03/21/2011 - 08:52 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်          ရေတွက်ပုံ      (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)              ပြောင်းလဲမှု                                                   ယခင်    ယခု           ယခင်        ယခု ၁ မတ်ပဲ(RC)                ၁ တန်        ၇၄၂ဝဝဝ-၇၃၅ဝဝဝ        -             -၂ မတ်ပဲ(SQRC)            ၁ တန်         ၈၁ဝဝဝဝ-၈၃၅ဝဝဝ       -            -၃ မတ်ပဲ(ကုန်ကြမ်း)        ၁ ပိဿာ               -                      ၁၂၅ဝ-၁၂ဝဝ၄ ကုလားပဲဖြူလုံးကြီး       ၁ပိဿာ               -                        ၁ဝဝဝ-၉၅ဝ၅ ပဲစင်းငုံနီ (RC))          ၁ တန်                  -                 ၆၈၉ဝဝဝ-၆၆၆ဝဝဝ၆ ပဲတီစိမ်း (ခရမ်း)         ၁ ပိဿာ              -                      ၁၉၄၂-၁၈၇ဝဘုရင့်နောင်မှာ မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း(ခရမ်း) ကျဈေးနဲ့ အရောင်းအဝယ်ဖြစ်          ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ(RC)၊ ပဲစင်းငုံနီ (RC) နဲ့ ပဲတီစိမ်း(ခရမ်း)က ဈေးကျသွားပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ မတ်ပဲ (RC) ကို အိတ်စပို့ ဝယ်လက် တွေက အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေး ကျနေတာ ရယ်၊ ရန်ကုန်ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာရယ်အပေါ် မူတည်ပြီး ချိန်ဆဝယ်ယူမှုများ ရှိနေတာကြောင့် ၁၄-၃-၂ဝ၁၁နေ့က တစ်တန်ကို ၇၆၅ဝဝဝ ကျပ် ရှိရာ က ၁၅-၃-၂ဝ၁၁နေ့မှာ ၇၅၇ဝဝဝ ကျပ်သို့ဈေးကျခဲ့ပြီး ၁၆-၃-၂ဝ၁၁ နေ့မှာ ၇၅၅ဝဝဝ ကျပ်သို့ ထပ်မံဈေးကျခဲ့ကာ ၁၈-၃-၂ဝ၁၁ နေ့မှာ တော့ ၇၃၅ဝဝဝ ကျပ်အထိသာ ရှိတော့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုပမာဏက တစ်ပတ်အတွင်း တန် ၃၄၅ဝ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီ (RC) ကို ပြည်ပ ဝယ်လက်တွေက ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်တန်ကို ၆၆၆ဝဝဝ ကျပ်မှ ၆၈ဝဝဝဝ ကျပ်အတွင်း တန် ၇၃ဝ ခန့်ဖြစ်ခဲ့ကြောင်း ပဲကုန်သည်တစ်ဦးကဆို ပါတယ်။ပဲတီစိမ်း(ခရမ်း) ကို တရုတ်ပြည်တင်ပို့ရန် ဝယ်ယူသူများ ကဈေးလျော့ပြီး အဝယ်ရှိသလို ရောင်းသူကုန်သည်များကလည်း ဝယ်ယူနေတဲ့ဈေးကို မကြိုက်နှစ်သက်လို့ အရောင်းနည်းသွားတယ် လို့သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၈၇ဝ ကျပ် (တစ်တန်ကို ၁၁၄၅၁၆၉ ကျပ်)နဲ့ တန် ၃ဝဝ ခန့်သာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။