Main menu

Background

မန္တလေးမှာ ပဲတီစိမ်း(ခရမ်း)၊ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးဆင်း လာ

Mon, 03/21/2011 - 09:07 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်စဉ် အမျိုးအမည်            ရေတွက်ပုံ           (ပြည်ပရောင်း)          (ပြည်တွင်းရောင်း)     ပြောင်းလဲမှု                                                      ယခင်    ယခု                  ယခင်     ယခု၁ ပဲတီစိမ်းကြီး(အညာ)    ၁တန်             ၉၅၇၇၇၇-၉၂၅၃၂၁            -            -၂ ပဲတီစိမ်း(ခရမ်း)           ၁ တန်           ၁၁၉၇၈၃၄-၁၁၅၆၈ဝ၄၃ ကုလားပဲဖြူလုံးကြီး      ၁ ပိဿာ                  -                           ၉၇၈-၉၄ဝ၄ ပဲစင်းငုံနီ                     ၁ ပိဿာ                -                          ၁ဝ၅ဝ-၁ဝဝ၈၅ မတ်ပဲ                       ၁ ပိဿာ                  -                        ၁၁ဝဝ-၁ဝ၈ဝဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃မန္တလေးမှာ ပဲတီစိမ်း(ခရမ်း)၊ပဲစင်းငုံနီနဲ့ ကုလားပဲဖြူလုံးကြီးဈေးဆင်း လာ                     မန္တလေးဈေးကွက်ထဲသို့ ပဲတီစိမ်း(ခရမ်း)အပြင် ပဲခူး၊ ဒိုက်ဦး၊ မုံရွာနဲ့ ရွှေဘိုမြို့များမှ ပဲတီစိမ်းတွေလည်း အနည်းငယ်အဝင်ရှိနေပြီး တရုတ်ဝယ်လက်က ပဲတီစိမ်း(ခရမ်း)ကိုဘဲ အကြိုက်တွေ့လို့ တစ်ပိဿာ ၁၈၈၉ ကျပ်(တစ်တန်ကို ၁၁၅၆၈ဝ၄ ကျပ်)နဲ့နေ့စဉ်အိတ် ၁၆ဝဝ ခန့်အဝယ်ရှိခဲ့ပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျသွားတယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ပဲစင်းငုံနီကို  ရန်ကုန်ဝယ်လက်က ပြည်ပအဝယ်ပါးသွားတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁ဝဝ၈ ကျပ်(တစ်တန်ကို ၆၁၇၂၈၉ ကျပ်)နဲ့ နေ့စဉ် အိတ် ၂၅ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ် လက်က ဝယ်အားပုံမှန်ရှိပေမယ့် ဈေးကွက်သို့ ပစ္စည်းအဝင်များတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၄ဝ ကျပ် (တစ်တန်ကို ၅၇၅၆၄၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ နဲ့အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲခွဲစက်လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ပဲစင်းငုံ(ရွှေဘို) ကိုလည်း ရန်ကုန်ဝယ်လက်ကတစ်ပိဿာ ၈ဝဝ ကျပ်(တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။