ဆော်ဒီကုမ္ပဏီက အီသီယိုးပီးယားမှာ စပါးစိုက်ပျိုးဖို့ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရင်းနှီးမြုပ်နံှမယ်

ဆော်ဒီကုမ္ပဏီက အီသီယိုးပီးယားမှာ စပါးစိုက်ပျိုးဖို့ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရင်းနှီးမြုပ်နံှမယ်                     ဆော်ဒီသန်းြွကယ်သူဌေးSheikh Mohammed Al- Amoudi  ပိုင် စားနပ်ရိက္ခာကုမ္ပဏီတစ်ခုဖြစ်တဲ့Saudi Star Agricultural Development  ဟာ အီသီယိုပီးယားနိုင်ငံမှာ ၂ဝ၂ဝ မှာ စပါးစိုက်ပျိုးမှု စီမံချက် တိုးတက်ဖို့ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရင်းနှီးမြုပ်နံှဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အီသီယိုပီးယားနိုင်ငံအနောက်ခြမ်း Gambella ဒေသမှာ လယ်မြေဟက်တာတစ်သောင်း (၂၄၇၁၁ ဧက)ကို နှစ်စဉ် တစ်ဟက်တာ ကန်ဒေါ်လာ ၉ ဒသမ ၄၂ ဈေးနှုန်းနဲ့ နှစ် ၆ဝ ငှားရမ်း စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင်နောက်ထပ်မြေဟက်တာ ၂၉ဝဝဝဝ ကိုလည်း အစိုးရထံက ငှားရမ်းဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။                     အဲဒီစီမံကိန်းဟာ အာဖရိကနိုင်ငံများရဲ့ မြေဟက်တာ ၃ သန်းငှားရမ်းမယ့်ထဲက တစ်စိတ်တဒေသ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆော်ဒီကုမ္ပဏီအနေနဲ့ စပါးစိုက်ပျိုးဖို့ မသင့်တော်တဲ့ မြေနေရာမှာ နေကြာနဲ့ ပြောင်းတို့လို အခြားသီးနံှတွေလည်း စိုက်ပျိုးမယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာထုတ်လုပ်မှုရဲ့ သုံးပုံနှစ်ပုံကို ယင်းကုမ္ပဏီက တင်ပို့လျက်ရှိပြီး ကျန်ပမာဏကို ပြည်တွင်းမှာ ရောင်းချတယ်လို့ သိရပါတယ်။                   ယခုလမှာ ယင်းကုမ္ပဏီက ပြည်တွင်းမှာ ၄ဝ ရာခိုင်နှုန်းရောင်းချဖို့နဲ့ ၆ဝ ရာခိုင်နှုန်းကို ပြည်ပတင်ပို့ဖို့ သဘော တူညီထားတယ်လို့ အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ ှSaudi Star ကုမ္ပဏီဟာ တစ်နှစ်ကို ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်နေကြောင်း သိရပါတယ်။ ကုမ္ပဏီပိုင်ရှင် Al-Amoudi  ဟာ ကမ္ဘာ့လူချမ်း သာစာရင်းမှာ ၆၃ ယောက်မြောက်ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားမှာ ဒုတိယမြောက် အချမ်းသာဆုံးဖြစ်တယ်လို့ သိရပါတယ်။ လမင်းးSource: riceonline