Main menu

Background

ဝယ်လက်အေးလို့ ဈေးပြန်အေးတဲ့ တောင်ကြီးပဲစင်းငုံ

Wed, 03/30/2011 - 04:17 -- Anonymous (not verified)

ဝယ်လက်အေးလို့ ဈေးပြန်အေးတဲ့ တောင်ကြီးပဲစင်းငုံ                  ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ဒီနှစ် ပဲစင်းငုံအထွက်နည်းပါတယ်။ ဒီဇင်ဘာလရဲ့ နှင်းခါးရိုက်မှုကြောင့် အထွက်နှုန်းက မနှစ်ကထက်နည်းပါတယ်။ ဒီနှစ်ထွက်တဲ့ ပဲစင်းငုံရဲ့ဈေးနှုန်းကလည်း အတက်အကျကြမ်းပါတယ်။ စပေါ်ခါစ ဇန်နဝါရီလဆန်းမှာ ပဲစင်းငုံအနီသေး တစ်ပိဿာ ၉ဝဝ ကျပ်၊ အဖြူ၊ အနီကြီး တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလရဲ့ ဒုတိယပတ်မှာ ဈေးထပ်တက်လာပြီး အနီအသေး တစ်ပိဿာ ၁ဝဝဝ ကျပ်၊ ဖြူ၊ နီကြီးက တစ်ပိဿာ ၈ဝဝ ကျပ်ထိ ဈေးတက်လာပါတယ်။ ကုန်တင်ပို့မှုတွေ သတ်မှတ်လိုက်တာကြောင့် သီးနံှတွေလည်း သယ်ပို့ခတွေနဲ့အတူ ဈေးတက်လာတာတွေ့ရပါတယ်။ မတ်လ ပထမနဲ့ ဒုတိယ ပတ်တွေမှာ ငုံနီသေး တစ်ပိဿာ ၈၈ဝ ကျပ်မှ ၉၈ဝ ကျပ်ဈေးပတ်ခြာလည်နဲ့ တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ တတိယပတ်မှာ ဈေးအနည်းငယ်ပြန်လှုပ်လာပြီး ပဲစင်းငုံသေးက တစ်ပိဿာ ၉၅ဝ ကျပ်၊ ၉၆ဝ ကျပ်၊ ငုံဖြူကြီးက ၇၂ဝ ကျပ်၊ ငုံနီကြီးက ၇၇ဝ ကျပ်ရှိလာပါတယ်။ ဒီနှစ်အရောင်းအဝယ်က မနှစ်ကထက်ပိုအေး ပေမဲ့ ရန်ကုန်ဝယ်လက်တွေက ပုံမှန်ဝယ်ယူ နေပါတယ်။ ဈေးကွက်မှာလည်း အင်နဲ့အားနဲ့ ဝင်လာခြင်း မရှိပေမဲ့ ပုံမှန်တော့ဝင်နေပါတယ်။ တစ်ပတ်ကိုလည်း ပိဿာချိန် ခြောက်သောင်းမှ တစ်သိန်းအထိ စီးဆင်းနေတယ်လို့ ဒေသခံကုန်သည် တွေထံက သိရပါတယ်။ ဒီတစ်ပတ်ပဲစင်းငုံဈေးက ဝယ်လက်အေးလို့ ဈေး အနည်းငယ် ပြန်ကျပြီး အနီအသေးက တစ်ပိဿာ ၈၅ဝ ကျပ်၊ ဖြူကြီး ၆ဝဝ ကျပ်၊ နီကြီး ၆၁ဝ ကျပ်ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်