Main menu

Background

နယ်စပ်မှ ယခုရက်သတ္တပတ် ပဲတီစိမ်း တန် ၃၆ဝ ကျော်ပို့

Wed, 03/30/2011 - 04:27 -- Anonymous (not verified)

နယ်စပ်မှ ယခုရက်သတ္တပတ် ပဲတီစိမ်း တန် ၃၆ဝ ကျော်ပို့                မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ပဲတီစိမ်း တန် ၃၆၇ တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၈၆ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကထက် တန်ချိန် ၁၄၅ တန် ကျော်တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ် ပဲတီစိမ်းတင်ပို့နိုင်မှု လျော့နည်းသော်လည်း ရာသီဥတု ပူပြင်းလာသည့်အတွက် တရုတ်ဖက်မှ ပဲတီစိမ်း ဝယ်လိုအားပိုမိုကာ သယ်ယူပို့ဆောင်စရိတ်များမှာလည်း သက်သာနေသည့် အတွက်လာမဲ့သီတင်းပတ်များမှာ အရောင်းအဝယ် ပိုမိုလာနိုင်တယ်လို့ မျှော်မှန်းလျက်ရှိပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ နှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ပဲတီစိမ်း တန်ချိန် ၉၃၁၇၅ တန်ကျော်တင်ပို့ထားပြီး မတ်လအတွင်းမှာတော့ တန်ချိန် ၁၉၉၆ တန် တင်ပို့ထားပြီဖြစ်ပါတယ်။ မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ပဲတီစိမ်းဈေးဟာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိပါဘူး။ မိမိဘက် မြေပြင်ပေါက်ဈေးမှာ တစ်တန် ၁၁၄၆၇၅၆ ကျပ်နဲ့ တစ်ဘက်နိုင်ငံ ပေါက်ဈေးမှာ ၁၂၇၅ မှ ၁၃၅၅ ဒေါ်လာအတွင်း ဖြစ်ပါတယ်။                                                                 MIRT (DOBT)