အိန္ဒိယဈေးကွက်တွေကို ကုလားပဲအဝင်တိုးလာလို့ ဈေးလျော့ကျ အိန္ဒိယပြည်တွင်းဈေးကွက်များကို ကုလားပဲအသစ်ဝင်ရောက်မှု တိုးတက် လာပေမဲ့ အဝယ်ထိုင်းတာကြောင့် လက်ငင်းဈေးနဲ့ ကြိုပွိုင့်ဈေးများ ၂ ဒသမ ဝ၄ ရာခိုင်နှုန်းနဲ့ ၂ ဒသမ ၃၁ ရာခိုင်နှုန်းအသီးသီးကျဆင်းခဲ့ကြောင်း သိရပါတယ်။ ဘီကနာမှ ပဲအသစ်များ ယခုသီတင်းပတ်ပိတ်ရက်မှာ အမြောက်အမြား ဝင်ရောက် လာဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံက ပဲတင်သွင်းမှုအနေနဲ့ ၂ဝ၁၁ ဇန်နဝါရီတစ်လထဲမှာ တန်ချိန် ၅၉၅၂၁ ရှိပြီး ဖေဖော်ဝါရီလမှာ ၁၅ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၅ဝ၅၇၇ ရှိတယ်လို့ သိရပါတယ်။ ပြည်တွင်းထုတ်လုပ်မှု ပိုမိုမယ့်ခန့်မှန်းချက်များက ယခုနှစ်ပဲတင်သွင်းမှုကို ကျဆင်းစေပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂ဝ၁၁-၁၂ အတွင်း ပဲမျိုးစုံထုတ်လုပ်မှု တန်ချိန် ၁၆ ဒသမ ၅၁ သန်းခန့်ရှိလို့ ၂ဝ၁၁-၁၂ မှာ တန်ချိန် ၃ ဒသမ ၄ သန်းတင်သွင်းဖို့ လိုအပ်မယ်လို့ စားနပ်ရိက္ခာဝန်ကြီး ကေဗွီ သောမတ်က ပြောကြားပါတယ်။ ပြည်တွင်းပဲအသစ်များ ဝင်ရောက်မှုတိုးတက်လာ တော့မှာဖြစ်လို့ ကုလားပဲဈေးကျဆင်းနိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါ တယ်။ ယမင်းးခင်၊Source: Argel Commodities
Background