Main menu

Background

အဝင်များလို့ ဈေးကျသွားတဲ့ ပဲကြီးဈေး

Wed, 03/30/2011 - 04:49 -- Anonymous (not verified)

အဝင်များလို့ ဈေးကျသွားတဲ့ ပဲကြီးဈေး               ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလကုန်က စဝင်ခဲ့သော ပဲကြီး အသစ်များ ယခင်အပတ်ကထက် အဝင်ပိုများလာခဲ့ပြီး တစ်ရက်ကို အိတ် ၁ဝဝဝ ကျော်အထိ အဝင်ရှိလာခဲ့ပါတယ်။ ပဲကြီးရွှေကျွန်းမှာတစ်တင်းကို ၂၄ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ယခုတစ်ပတ်မှာ ပဲကြီးရွှေကျွန်း တစ်တင်း ၂၁၅ဝဝ ကျပ်၊ ပဲကြီးကမ်းနား တစ်တင်း ၁၉ဝဝဝ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မင်းတုန်း ကံမဘက်က အဝင်ရှိသလို ဒေသတွင်းမြို့နယ်များကလည်း အဝင်ရှိလာ တာကြောင့် အဝင်များပြီး ဈေးကျသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဝင်များပေမဲ့ လိုင်းသမား များအဝယ်မရှိသေးဘဲ ပဲကြော်ဖိုလုပ်ငန်းသမားများသာ ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ဝ ကျော်အရောင်းအဝယ် ဖြစ်ခဲ့တာကြောင့် အဝင်ရှိသလောက် အရောင်းအဝယ် မသွက်သေးကြောင်း သိရပါတယ်။ ခင်ဆွေဝင်း