ပဲကိစ္စ အိန္ဒိယ ဘာတွေလုပ်နေသလဲ ဒီရက်သတ္တပတ်ထဲမှာ ပဲကိစ္စနဲ့ပတ်သက်လို့ အိန္ဒိယရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို ဒီလိုတွေ့ရပါတယ် -(၁) ပထမဆုံးအချက်ကတော့ ၂ဝဝ၆ ခုနှစ်၊ ဇွန်လက စတင် တားမြစ် ခဲ့တဲ့ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့ခွင့်ကို ၂ဝ၁၁ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။(၂) ဒုတိယအချက်ကတော့ အစိုးရပိုင် PEC က ပြည်တွင်းမှာ ဖြန့်ဖြူးဖို့ မတ်ပဲတန် ၄ဝဝဝ၊ ပဲရာဇာစိမ်းနဲ့ ကုလားပဲ အပါအဝင် ပဲမျိုးစုံ တန် ၁ဝဝဝဝ ကို မြန်မာ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ သြစတြေးလျတို့ထံမှ တင်ဒါခေါ်ခဲ့တာပါ။ (၃) တတိယအချက်ကတော့ ပြည်နယ် ၁၁ ခုမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအသင်း ၁၅ဝ ဖွဲ့စည်းဘို့ စတင်ပြင်ဆင် ဆောင်ရွက်ခဲ့တာပါပဲ။ ပဲမျိုးစုံ ထုတ်လုပ်မှု မြှင့်တင်ရေး အစီအစဉ် အရ ခွင့်ပြုထားတဲ့ ရန်ပုံငွေတစ်စိတ်တစ်ဒေသကို အသုံးပြုပြီး ဆောင်ရွက်မယ့် ဒီအစီအစဉ်အရ ပဲစိုက်တောင်သူတွေကို ဈေး ကွက်နဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ပဲ စိုက်တောင်သူ ၆ဝဝဝဝ ကျော်၊ ပဲစိုက်ဧရိယာ ဟတ်တာ (၅) သိန်းခန့်ဟာ ဒီအစီအမံထဲမှာ အကံျုးဝင်လာမှာ ဖြစ်ပါတယ်။ (၄) စတုတ္ထအချက်ကတော့ ကမ္ဘာပေါ်မှာ ပဲအများဆုံး စိုက်ပျိုး ထုတ်လုပ်နေတဲ့ ကနေဒါနိုင်ငံ၊ဆက်ကာချီဝမ်ပြည်နယ်က လယ်ယာ စိုက်ပျိုးရေး ဒုတိယဝန်ကြီး ဦးဆောင်ပြီး ကနေဒါ ပဲမျိုးစုံ လုပ်ငန်းရှင် ၁ဝဝ လောက်ပါတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ဟာ အိန္ဒိယနိုင်ငံကို လာရောက်ပြီး ပဲအရောင်း အဝယ်ကိစ္စများ ဆွေးနွေးသွားခဲ့တဲ့ ကိစ္စပါ။ ကမ္ဘာပေါ်မှာ ပဲအများဆုံး စိုက်ပျိုးထုတ်လုပ်ပြီး ပဲအများဆုံး စားသုံးတဲ့ အိန္ဒိယနိုင်ငံဟာ ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၆.၅၁ သန်း ထုတ်လုပ်ခဲ့ပေမယ့် နိုင်ငံတွင်း ပဲဈေးနှုန်းများ ကြီးမြင့်ရခြင်းရဲ့ အကြောင်း တစ်ခုကတော့ အိန္ဒိယနိုင်ငံသားတွေ နှစ်သက်စွာ စားသုံးနေတဲ့ ပဲအမျိုးအစားကို နိုင်ငံအများအပြားက ထုတ်လုပ်နိုင်ခြင်း မရှိတာပါဘဲ။ ဒါကြောင့် အိန္ဒိယ အစိုးရရဲ့ အစီအစဉ်က နိုင်ငံတွင်း ပဲထုတ်လုပ်မှု မြှင့်တင်ရေးဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ လူလေး
Background