Main menu

Background

ဂျပန်ငလျင်နောက်ဆက်တွဲ ပြဿနာများကြောင့် ရွှေအပါအဝင် ငွေ ၊ ပလာဒီယမ်နှင့် ပလက်တီနမ်သတ္တုများ ဈေးကျသွား

Wed, 03/30/2011 - 05:02 -- Anonymous (not verified)

 ဂျပန်ငလျင်နောက်ဆက်တွဲ ပြဿနာများကြောင့် ရွှေအပါအဝင် ငွေ ၊ ပလာဒီယမ်နှင့် ပလက်တီနမ်သတ္တုများ ဈေးကျသွား                 မတ်လ ၇ ရက်နေ့က တစ်အောင်စကို ၁၄၄၄ ဒသမ ၉၅ ဒေါ်လာအထိ စံချိန်တင်မြင့်မားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက မတ်လ ၁၅ ရက်နေ့တွင် တစ်အောင်စကို ၁၃၈၁ ဒသမ ၂၂ ဒေါ်လာအထိ ကျဆင်းသွားခဲ့ရာ တစ်လတာအတွင်း အနိမ့်ဆုံး နှုန်း ဖြစ်သွားခဲ့ပါတယ်။                    အရှေ့အလယ်ပိုင်းပထဝီနိုင်ငံရေး တင်းမာမှုများနဲ့ ဂျပန်ရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ရေဒီယိုသတ္တိြွကမှုအခြေအနေ ပိုမိုတိုးမြင့်လာတဲ့ သတင်း တွေကြောင့် အာရှစတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ရပါတယ်။ ဒါကြောင့် ရင်းနှီးမြူပ်နံှသူတွေက ဆုံးရှုံးသွားတဲ့ စတော့ရှယ်ယာတွေနဲ့ အခြားကုန်ပစ္စည်းတွေ တန်ဖိုးကိုကာမိစေဖို့ အဖိုးတန်သတ္တုများကို ရောင်းချလိမ့်မယ်ခန့်မှန်းကြပြီး ရွှေ အပါအဝင် ငွေ ၊ ပလာဒီယမ်နဲ့ ပလက်တီနမ် သတ္တုတန်ဖိုးတွေ ကျဆင်းသွား တယ်လို့ သိရပါတယ်။                       ဒါကြောင့် စင်ကာပူတွင် မတ်လ ၇ ရက်နေ့ နံနက် ၁၁း၅၆ နာရီက ချက်ချင်း အရောက်ပို့ ၁၃၉၁ ဒသမ ၇၅ ဒေါ်လာနဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ယခင်အပတ်က ၃၁ နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်တဲ့ တစ်အောင်စကို ၃၆ ဒသမ ၇၅၂၅ ဒေါ်လာကို ရောက်ခဲ့တဲ့ငွေကလည်း ၃၃ ဒသမ ၉၄ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလက ၁ဝ နှစ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့တဲ့ ပလာဒီယမ်ကလည်း ၂ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဂျပန်ရဲ့ ပလာဒီယမ်နဲ့ ပလက်တီနမ်ဝယ်လိုအားမှာ ကမ္ဘာ့ဝယ်လိုအားရဲ့ ၁၅ ရာခိုင်နှုန်းရှိ ကြောင်း ၊ စက်မှုလုပ်ငန်းများတွင် ငွေ ၊ ပလာဒီယမ်နဲ့ ပလက်တီနမ်ကို ရွှေထက် အသုံးပြုမှု ပိုများကြောင်း ၊ ငလျင်ဒဏ်ကြောင့် ဂျပန်ကားစက်ရုံများ ပိတ်လိုက်ခြင်း က ၎င်းသတ္တုတွေကို ဈေးကျစေခြင်း အကြောင်းရင်းဖြစ်ကြောင်း သိရပါတယ်။ Source:Businessweek.com, ပပ