Main menu

Background

ဗီယက်နမ်တွင် ရွှေ ကုန်သွယ်ခွင့ ်၊ အရောင်းအဝယ်ပြုခွင့ ်ကို အစိုးရမှ ကန့်သတ်မည်

Wed, 03/30/2011 - 05:06 -- Anonymous (not verified)

ဗီယက်နမ်တွင် ရွှေ ကုန်သွယ်ခွင့ ်၊ အရောင်းအဝယ်ပြုခွင့ ်ကို အစိုးရမှ ကန့်သတ်မည်                ဗီယက်နမ်တွင် ပြည်သူတွေအနေနဲ့ ရွှေပိုင်ဆိုင်ခွင့်ရှိသော်လည်း ကုန်သွယ် ခွင့်၊ အရောင်းအဝယ်ပြုခွင့်ကိုမူ အစိုးရမှ အသိအမှတ်ပြုလုပ်ကိုင်ခွင့်ပေးထားတဲ့ ကုန်သည်တွေကသာ ဆောင်ရွက်ခွင့်ရှိ ကြောင်း မတ်လ ၁၇ ရက်က ကျင်း ပတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ မူဝါဒများအတွက် အမျိုးသားအကြံ ပေး ကောင်စီနဲ့ တွေ့ဆုံကျင်းပတဲ့ အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် ငုရင်ဆင်တန်းက ပြောကြားခဲ့ပါတယ်။၎င်းအစည်းအဝေးအရ ရွှေပိုင်ဆိုင်ခွင့်နဲ့ ရောင်းဝယ်ခွင့်ဆိုင်ရာ ဥပဒေများအရ  * လက်ရှိရွှေဆိုင်များသည် ရွှေလက်ဝတ်ရတနာတွေကို ရောင်းဝယ်ခွင့် ရှိသည်။ * ပြည်သူအနေဖြင့် ရွှေချောင်း/တုံးကို အစိုးရခွင့်ပြုအရောင်းဆိုင် (outlet)  များတွင်သာဝယ်ယူခွင့်ရှိ သည်။* ပြည်သူအနေဖြင့် ရွှေကို ပိုင်ဆိုင်ခွင့်/သိုလှောင်ခွင့်အပြည့်အဝရှိသည်* ရွှေကို ငွေပေးချေရန် ရည်ရွယ်ချက်ဖြင့် သုံးစွဲခြင်းအား တားမြစ်သည်။               သို့သော် ၎င်းအချက်အလက်တွေကို တရားဝင် ကြေညာထားတာ မရှိသေး ကြောင်း၊ လူအများအနေနဲ့ ရွှေပိုင်ဆိုင်ခွင့်နဲ့ ကုန်သွယ်ခွင့်နှစ်ခုလုံးကို ပိတ်ပင် လိုက်တယ်လို့ လွဲမှားယုံကြည်ကာ လန့်သွားနိုင်ကြောင်း အမျိုးသား အကြံပေး ကော်စီအဖွဲ့ဝင်Dr.Tran Hong Ngan က ပြောကြားပါတယ်။ Source:English.vietnamnet.vn.com, ပပ