ဒီသီတင်းပတ်မှာ ဓာတ်မြေသြဇာ အများဆုံးတင်သွင်း မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၃၈၄၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၉၉၈၈၅ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေကတော့ တရုတ်နိုင်ငံမှ အမိုးနီးယားဖော့စပိတ် ၆၅ တန်၊ ကွန်ပေါင်း ၂၇ဝ တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၃၃ဝဝ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ် ၂ဝ၅ တန် အသီးသီး တင်သွင်းလာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန် ခြောက်ရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ အဝင်လည်း ပိုခဲ့ပါတယ်။ မတ်လအတွင်း ဓာတ်မြေသြဇာ တင်သွင်းမှုတန်ချိန်ကို ကြည့်ရင် ဒီတစ်ပတ်မှာ အများဆုံးတင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ MIRT(DOT) ဓာတ်မြေသြဇာတင်သွင်းမှုယခင်ကထက် တန် ၄ဝဝဝ ကျော်ပိုမို မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ရိဒ်၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန် ၁၂၄၉ဝ ကျော်တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၈၃၉၉ တန်ခွဲ တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ၄ဝ၉ဝ တန် ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ပါတယ်။တာချီလိတ်စခန်းမှ တင်သွင်းမှု လျော့နည်းခဲ့သော်လည်း မူဆယ်၊ ရိဒ်နဲ့ ကော့သောင်းနယ်စပ်စခန်းများမှ တင်သွင်းမှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများကတော့ မူဆယ်မှ ၁၂ဝ၃၈ ဒသမ ၅ တန်၊ ရိဒ်မှ ၂၆၉ ဒသမ ၇၅ တန်၊ ကော့သောင်းမှ ၁၇၁ တန်နဲ့ တာချီလိတ်မှ ၁၁ တန် အသီးသီးဖြစ်ပါတယ်။ ရိဒ်မှ ပိုတက်ရှ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုးနီးယမ်း နိုက်တြိတ်တို့တင်သွင်းကြပြီး မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းလျက်ရှိတဲ့ ဓာတ်မြေသြဇာများကတော့ ယူရီးယား၊ ကွန်ပေါင်း NPK ၁ဝး၁ဝး၅၊ နိုက်တြစ် ဖော့စဖိတ်၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်းNPK ၁၅း၅း၅ နဲ့ ၁၃း၅း၇ များဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၂၅ဝဝ ၂၃၅ဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝ ၂၅ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ၂ဝ၁ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ ၂ဝ၄ဝဝ တီဆူပါ GTSP 46% ၂၃၁ဝဝ ၂၃၁ဝဝ တီဆူပါ GSSP 16% ၉၅ဝဝ ၉၅ဝဝ တီဆူပါ GSSP 12% ၈၈ဝဝ ၈၈ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ ၄ဝဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ၁၉၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅ဝဝ ၁၉၅ဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၉၈ဝဝ ၉၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၉၅ဝဝ ၃၉၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၃ဝဝဝ ပိုတက် (တရုတ်) ၁၉၅ဝဝ ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၅ဝဝဝ ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၈ဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၈ဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၈ဝဝ ၂၂၂ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ၃၂ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃ဝဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၅ဝဝ ၂၅၈ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ ၂၄၈ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅ဝဝ ၁၃ဝဝဝMIRT (MAPT)
Background