Main menu

Background

အထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် စားအုန်းဆီကြမ်းဈေးနှုန်းကျဆင်း

Wed, 03/30/2011 - 06:28 -- Anonymous (not verified)

အထွက်မြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် စားအုန်းဆီကြမ်းဈေးနှုန်းကျဆင်း                ယခုလ ရောင်းချမှုမြင့်တက်မယ့် မျှော်လင့်ချက်ကြောင့် မတ်လ ၂၃ ရက် မလေးရှားကုန်စည်ဒိုင် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး အကျနဲ့ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လစာချုပ်အခြေခံဈေးနှုန်းဟာ ရင်းဂစ် ၂(ကန်ဒေါ်လာ ဝ ဒသမ ၆၆) ကျဆင်းပြီး တစ်တန်ကို ရင်းဂစ် ၃၃ဝ၆ (ကန်ဒေါ်လာ ၁ဝ၉၂) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။                   အမေရိကန်မှာ စိုက်ဧရိယာလျော့ကျတာကြောင့် ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ရောင်းချမှု နည်းနိုင်တဲ့ သတင်းများအရ ပဲပုပ်ဆီဈေးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဝါဂွမ်းစိုက်ဧရိယာပိုမိုလာတဲ့အတွက် ပဲပုပ်နဲ့ ပြောင်းစိုက်ပျိုးမှု လျော့လာတဲ့ သတင်းများအရ ကမ္ဘာ့ရောင်းချမှု လျော့ကျလာမယ့် အခြေအနေတွေကြောင့် ချီကာကိုမှာ မေလပဲပုပ်ဆီဈေးက တစ်ပေါင်ကို ကန်ဒေါ်လာ ၅၅ ဒသမ ၉၇ (တစ်တန်ကို ကန်ဒေါ်လာ ၁၂၃၃ ဒသမ ၅၈)အထိ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ မတ်လမှာ စားအုန်းဆီထုတ်လုပ်မှု ပိုမယ်လို့ ခန့်မှန်းချက်တွေကြောင့် မလေးရှား စားအုန်းဆီဈေးက ကျဆင်းခဲ့တယ်လို့ ကွာလာလမ်ပူအခြေစိုက် ရင်းနှီး မြှုပ်နံှမှုဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ အဓိကစိုက်ပျိုးတဲ့ Sabah  ပြည်နယ်မှာ အထွက်မြင့်တက်ခြင်းနဲ့အတူ ယခုလမှာ စားအုန်းဆီ ၁၆ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။                   အင်ဒိုနီးရှားပြီးရင် ကမ္ဘာမှာ ဒုတိယအများဆုံးစားအုန်းဆီထုတ်လုပ်တဲ့ မလေးရှားနိုင်ငံဟာ လွန်ခဲ့တဲ့ ၂ နှစ်ဆက်တိုက်အထွက်ကျဆင်းပြီးနောက် ယခုနှစ် ရာသီဥတု အခြေအနေတိုးတက်လာတဲ့အတွက် အထွက်နှုန်း မြင့်တက်လာလို့ ၂ဝ၁၁ ခုနှစ်မှာ စားအုန်းဆီအထွက် တိုးမယ်လို့ ခန့်မှန်းထားခြင်းဖြစ်ပါတယ်။  ယုဇန၊Source: palmoilhq.com