Main menu

Background

ဈေးအနည်းငယ် လှုပ်လာတဲ့ စစ်ကိုင်းမြေပဲ

Wed, 03/30/2011 - 06:36 -- Anonymous (not verified)

ဈေးအနည်းငယ် လှုပ်လာတဲ့ စစ်ကိုင်းမြေပဲ                မုံရွာကုန်စည်ဒိုင်မှာ ယခင်အပတ် တစ်ပိဿာ ပေါက်ဈေးများမှာ မြေပဲဆံနီ (ဆီဆံ) ၁၇၅ဝ ကျပ်၊ မြေပဲဆံဖြူ (ဆီဆံ) ၁၆၅ဝ ကျပ်၊ မြေပဲလုံးဆံ ၂ဝ၃၆ ကျပ်၊ ပဲဆီ ၃၆၅ဝ ကျပ်ဈေးများမှ ယခုအပတ်မှာ မြေပဲဆံနီ (ဆီဆံ) ၁၈၅ဝ ကျပ်၊ မြေပဲဆံဖြူ (ဆီဆံ) ၁၇ဝဝ ကျပ်၊ မြေပဲလုံးဆံ ၂၁ဝ၇ ကျပ်၊ ပဲဆီ ၃၇ဝဝ ကျပ် ဈေးများသို့ သြင်္ကန်အခါနီးလို့ ဈေးအနည်းငယ်လှုပ်လာကြောင်း ကုန်သည်တစ်ဦးမှ ပြောပြလို့ သိရပါတယ်။                 အရာတော်၊ ဘုတလင်၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲ၊ မြင်းမူ၊ မြောင်မြို့နယ်များမှ မြေပဲအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပြီး တိုင်းဒေသကြီးအတွင်း ဆီကြိတ်စားသုံးရောင်းချမှုနဲ့ မြေပဲဆားလှော်ဖို လုပ်ငန်းရှင်များရဲ့ နေ့စဉ်သုံးစွဲမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ မြေပဲဆံ (ဆီဆံ)နဲ့ မြေပဲလုံးဆံတင်း ၇ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။ ၂ဝ၁၁ ခု မတ်လအတွင်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ မြေပဲဆီဆံ၊ လုံးဆံတင်း ၃၁ဝဝ ကျော်စီး ထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်