စိုက်ဧရိယာမြင့်တက်နိုင်တဲ့ သတင်းများအရ ပဲပုပ်နဲ့ ပြောင်းဈေးကျဆင်း သီးနံှအများဆုံးတင်ပို့တဲ့ အမေရိကန်မှာ စိုက်ဧရိယာ မြင့်တက်နိုင်တဲ့ အလားအလာများအရ ပြောင်းနဲ့ ပဲပုပ် ဈေးနှုန်းဟာ ဒုတိယနေ့အဖြစ် ဆက်တိုက် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အလားတူ ဂုံျဈေးနှုန်းလည်း ကျဆင်း ခဲ့ပါတယ်။ မတ်လ ၂၄ ရက်နေ့ ချီကာကိုမှာ မေလပို့ရမယ့် ပြောင်းဈေးနှုန်း ဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းလျော့ကျပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၇၇၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၇၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး မေလပို့မယ့် ပဲပုပ်ဈေးလည်း ဝ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျကာ တစ်ဘူရှယ် ၁၃ ဒသမ ၄၆၅ (တစ်တန်ကို ကန်ဒေါ်လာ ၄၉၈) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရေနံဈေးနှုန်းက ၂ နှစ်ကျော် အတွင်း အမြင့်ဆုံးရောက်ရှိခဲ့တာ ကြောင့် လောင်စာဆီအသုံးပြုတဲ့ သီးနံှ ဈေးတွေကိုပါမြင့်တက်ခဲ့ရာ မတ်လ ၂၃ ရက်မတိုင်မီ ပြောင်းဈေးဟာ ၄ ရက် အတွင်း ၁၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ပဲပုပ်ဈေးနှုန်းက မတ်လ ၂၂ ရက် မတိုင်မီ ၇ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက် ခဲ့တယ်လို့ သိရပါတယ်။ ဈေးမြင့်တက်ခဲ့ ပြီး ယခုလိုဈေးပြန်ကျဆင်းခြင်းဟာ ယာယီမျှသာဖြစ်နိုင်တယ်လို့ KB ကြိုပွိုင့်ကုမ္ပဏီမှ ဝါရင့်ကုန်သည် တစ်ဦးက ဆိုပါတယ်။ ရေနံဈေး တစ်စည် ဒေါ်လာ ၁ဝဝ အထက်ရှိနေ ခြင်း ကြောင့် ဇီဝလောင်စာအသုံးပြုဖို့ ဝယ်လိုအားတတ်နိုင်တဲ့အတွက် ပြောင်းဈေး လည်း တက်နိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်တောင်သူများဟာ ဈေးနှုန်းမြင့်တက်မှုကြောင့် ယခုနှစ် ပြောင်းနဲ့ပဲပုပ်ပိုစိုက်လိမ့်မယ်လို့ တောင်သူ ၁၄ဝဝ ခန့်ကို စစ်တမ်း ကောက်ယူချက်အရ လယ်ယာထွက်ကုန်ကြိုပွိုင့် မဂ္ဂဇင်းက ဖော်ပြထားပါတယ်။ ပြောင်း စိုက်ပျိုးမှုအနေနဲ့ ယခင်နှစ်ထက် ၃ ဒသမ ၆ ရာခိုင်နှုန်းပိုပြီး စိုက်ဧက ၉၁ ဒသမ ၄ သန်း၊ ပဲပုပ်စိုက်ဧက ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး ဧက ၇၈ ဒသမ ၅ သန်းရှိမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ ပြောင်းဈေးနှုန်းဟာ ယခင်နှစ်ထက် ၈၆ ရာခိုင်နှုန်း၊ ပဲပုပ် ဈေးက ၄ဝ ရာခိုင်နှုန်းနဲ့ ဂံျုဈေးက ၄၉ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါ တယ်။ ယမင်းခင် Source: bloomberg.net
Background