Main menu

Background

မတ်ပဲဈေးငြိမ်ရာမှ ပြန်မာလာ

Wed, 03/30/2011 - 06:44 -- Anonymous (not verified)

စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ အိန္ဒိယရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုကလည်း ဆယ်ဂဏန်းနဲ့ ပြန်လည်မြင့်တက်လာ ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်၊ အာလူး၊ သစ်သီးနဲ့ အသားငါးဈေးများ ပြန်လည်မြင့်တက်လာခဲ့တာကြောင့် မတ်လ ၁၂ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင် ဈေးနှုန်းဖောင်းပွမှုဟာ ၁ဝ ဒသမ ဝ၅ ရာခိုင် နှုန်းကို မြင့်တက်ခဲ့ပါတယ်။မတ်ပဲဈေးငြိမ်ရာမှ ပြန်မာလာ              အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ် အစပိုင်းမှာ မတ်ပဲဈေးငြိမ်နေရာက သီတင်းပတ်နှောင်းပိုင်း မှာတော့ ပြန်မာလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ အဝယ်ပြန်တက် လာတဲ့အတွက်လည်း နိုင်ငံတကာဈေး ခိုင်မာနေခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်များအတွင်း ရောင်းချမှု အကန့်အသတ်သာရှိပေမဲ့ လာမယ့်လအတွင်း ပြည်ပကတင်သွင်းမယ့် မတ်ပဲရောင်းချမှု တိုးတက် လာဖွယ်ရှိခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားပေးနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ အင်ဒရာပရာဒေ့ရှ်အပါအဝင် ဒေသတော်တော်များများမှာ ဆောင်းပဲများ မြေအစိုဓာတ် ကောင်းမွန်မှု ကြောင့် အထွက်ပိုမယ့်အလားအလာရှိတယ် လို့ဆိုပါတယ်။ လာမယ့်ရက် များမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အတက်အဆင်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထား ပါတယ် ဇယား-၁                                                                      ဒေါ်လာ/တန်  ဈေးကွက်            ၂၄ .၃ .၁၁           ၂၃ .၃ .၁၁           ၂၂ .၃ .၁၁                  ၂၁ .၃ .၁၁မွန်ဘိုင်း                 ၉ဝဝ                 ၉ဝ၁-၉ဝ၇            ၈၉၅-၉ဝ၁                    ၉ဝ၅ဒေလီ              ၈၆၆-၉၅၅                ၈၅၆-၉၄၅            ၈၅၆-၉၄၅                ၈၅၅-၉၄၃ချန်နိုင်း           ၉၅ဝ-၁၁ဝ၂             ၉၂၃-၁ဝ၇၉           ၉၂၃-၁ဝ၇၈             ၉၂၇-၁ဝ၇၇