Main menu

Background

ကုလားပဲဈေး တစ်ပတ်လုံးကျဆင်းရာမှ အနည်းငယ်ပြန်တက်

Wed, 03/30/2011 - 06:46 -- Anonymous (not verified)

 ကုလားပဲဈေး တစ်ပတ်လုံးကျဆင်းရာမှ အနည်းငယ်ပြန်တက်                    လွန်ခဲ့တဲ့ရက်များအတွင်း အိန္ဒိယပြည်မှာ ပဲအသစ် အဝင်များလို့ ဈေးကျဆင်းခဲ့ရာက သီတင်းပတ် နောက်ဆုံးရက်မှာ အနည်းငယ် ပြန်တက်လာပါတယ်။ ဒေလီဈေးကွက်များမှာ ယခင်ရက်တွေထက် ပဲအဝင် ထက်ဝက်ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်မှ ယခုနှစ် အထွက်ကောင်း မယ်လို့ ခန့်မှန်းထားပေမဲ့ အိန္ဒိယအလယ်ပိုင်းမှာတော့ ထုတ်လုပ်မှု ကျဆင်းနိုင်ပါတယ်။ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ရိတ်သိမ်းနေပြီဖြစ်လို့ မကြာခင် အဝင်များလာနိုင်ပါတယ်။ ဒါပေမဲ့ လှောင်လက်များ ဝယ်လိုအားတက်နိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                              ဒေါ်လာ/တန်  ဈေးကွက်            ၂၄ .၃ .၁၁           ၂၃ .၃ .၁၁        ၂၂ .၃ .၁၁             ၂၁ .၃ .၁၁မွန်ဘိုင်း                 ၅၁၇                  ၅၁၂                    ၅၁၁                  ၅၁၁ဒေလီ                ၅၄ဝ-၅၄၅            ၅၂၈-၅၃၄             ၅၃၄-၅၃၉                ၅၄၉ကန်ပါ                 ၅၄၅                   ၅၂၈                    ၅၃၉                      -