ပဲတီစိမ်းဈေး ဆက်လက်တည်ငြိမ် အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းဈေးက ဆက်လက် တည်ငြိမ်နေပါတယ်။ ပဲတီစိမ်းကို ဝယ်လို အားနည်းပေမဲ့ အခြားပဲ ဝယ်လိုအားကောင်းနေခြင်းက ပဲတီစိမ်းဈေးကို အထောက်အပံ့ဖြစ် စေပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲအလုံအလောက် ရနေတာကြောင့် ဈေးများများ ထပ်မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် အတွင်း ပြည်တွင်းပဲ အထွက်မြင့်တက်မယ့် အခြေအနေရှိနေတဲ့အပြင် မြန်မာမှာလည်း အထွက်ပိုမယ့် အလားအလာရှိတယ်လို့ ဈေးကွက် သတင်းအရ သိရပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဥတ္တရာပရာဒေ့ရှ်နဲ့ ဘီဟာတို့မှာ ပဲထွက်ရှိမှုအခြေအနေ ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကောင်းမွန်နေတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာတော့ ဈေးဆက်လက်ခိုင်မာနေတယ်လို့ သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၃ .၁၁ ၂၃ .၃ .၁၁ ၂၂ .၃ .၁၁ ၂၁ .၃ .၁၁မွန်ဘိုင်း ၉၃၉ ၉၂၉ ၉၂၃-၉၃၄ ၉၂၁-၉၃၂အာဂိုလာ ၉၄၄-၁ဝ၇၉ ၉၃၄-၁ဝ၆၈ ၉၃၄-၁ဝ၆၇ ၉၃၂-၁ဝ၆၈ဒေလီ ၇၈၇-၉၂၂ ၇၇၉-၉၁၂ ၇၇၈-၉၁၂ ၇၇၇-၉၁ဝ
Background