ပဲစင်းငုံဈေး ဆက်လက်ကျဆင်း အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲစင်းငုံဈေးက ယခု သီတင်းပတ်မှာလည်း ဆက်လက်ကျဆင်းခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း အထူးသဖြင့် ဥတ္တရာပရာဒေ့ရှိမှာ ပဲရိတ်သိမ်းမှု စတင်နေပြီဖြစ်ပြီး၏ ဧပြီလအတွင်း ဝင်ရောက်မှု တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ကြိတ်ခွဲပြီး ပဲစင်းငုံဝယ်လိုအားနည်းနေပါတယ်။ ပြည်တွင်းလက်ကျန်များနေခြင်းကြောင့် မြန်မာနိုင်ငံက ပဲစင်းငုံတင်သွင်း မှုဟာ မနှစ်ကနဲ့ယှဉ်ရင် နည်းနေတယ်လို့ သိရပါတယ်။ အစိုးရအေဂျင်စီ များကလည်း ပဲအရောင်းတင်ဒါများ ခေါ်ယူနေခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းအလျော့ဘက်မှာရှိဦး မယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြ ထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၃ .၁၁ ၂၃ .၃ .၁၁ ၂၂ .၃ .၁၁ ၂၁ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၇၆ ၇၇၃-၇၇၉ ၇၇၈-၇၈၄ ၇၈၈ ဒေလီ(မြန်မာပဲစင်းငုံ) ၈၉၉-၉ဝ၄ ၈၉ဝ-၈၉၄ ၈၈၉-၈၉၄ ၈၈၈-၈၉၂ကိုလ်ကတ္တား ၇၈၇ ၇၇၉ - ၈၂၁
Background