Main menu

Background

ရိဒ်နယ်စပ်မှ ဝက်အရှင် ကီလို ၅၆ဝဝ ကျော်တင်ပို့

Wed, 03/30/2011 - 07:03 -- Anonymous (not verified)

ရိဒ်နယ်စပ်မှ ဝက်အရှင် ကီလို ၅၆ဝဝ ကျော်တင်ပို့                      မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ အဓိကပို့ကုန်လို့ ပြောလို့ရတဲ့ ဝက်အရှင် ၅၆၂၅ ကီလိုဂရမ်ကို ယခုမတ် ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၈၇ဝဝ ကျော်တန်ဖိုးရှိ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ့ဝက်များဟာ အရသာပိုမိုကောင်းမွန်တဲ့အတွက် အကြိုက်များ လျက်ရှိပါတယ်။ ရိဒ်နယ် စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ဝက်အရှင် ၂၉၇၇၉၆ ကီလိုဂရမ်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ဝ၇ ဒသမ ၉၇ သန်းဖိုး တင်ပို့ နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: ခင်မိုးသူ (MIRT)