Main menu

Background

မူဆယ်မှ ဖရဲသီးတင်ပို့မှု လျော့ကျသော်လည်း သခွားမွှေးတင်ပို့မှု ပိုမို

Wed, 03/30/2011 - 07:05 -- Anonymous (not verified)

မူဆယ်မှ ဖရဲသီးတင်ပို့မှု လျော့ကျသော်လည်း သခွားမွှေးတင်ပို့မှု ပိုမို                     မတ်လ ၁၆ ရက်မှ ၂၂ ထိ ရက်သတ္တပတ်အတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံ ကုန်စည် ဒိုင်သို့ ဖရဲသီးကားများ အဝင်နည်းသော်လည်း သခွားမွှေး ကားများ ပိုမိုဝင်လာလျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး ထွက်ဖရဲသီး ၈ဝ၂၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ဝ၆၂၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁ဝ၂ဝဝ ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန် ၂၂ဝဝ နီးပါး တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မူဆယ်အပြင် ယခုအပတ်မှာ မောင်တောနယ်စပ်မှလည်း ဒေသထွက် ဖရဲသီး ၄၄ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ၁၇ တန်ကျော် တင်ပို့မှုပိုမိုခဲ့ပါတယ်။ သခွားမွှေး တင်ပို့မှုကို ကြည့်လျှင်တော့ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၈၅ဝ၇ သန်းတန်ဖိုးရှိ သခွားမွှေး ၄၄၈၇ တန်ကျော် တင်ပို့နိုင် ခဲ့ပြီး ယခင်အပတ်ကထက် တန်ချိန် ၁၁၆၉ တန်ကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်မှာ ရွှေသခွားမွှေး ၁ ကီလို ၆ ဒသမ ၅ ယွမ်မှ ၇ ယွမ်၊ ဖရဲသခွား ၁ ကီလို ၆ ယွမ်ကျော်နဲ့ ပိုက်ကွက်သခွား ၁ ကီလို ၆ ယွမ်ဈေး ဝန်းကျင်ဈေးပေါက် လျက် ရှိပါတယ်။                                      MIRT (DOBT)