Main menu

Background

နယ်စပ်မှ ပုံမှန်တင်ပို့နေရတဲ့ ပရဆေးကုန်ကြမ်း

Wed, 03/30/2011 - 07:08 -- Anonymous (not verified)

နယ်စပ်မှ ပုံမှန်တင်ပို့နေရတဲ့ ပရဆေးကုန်ကြမ်း                    မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၁၈၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ဆယ်မျိုးကျော်ကို ၈ဝ၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ မိကျောင်းကွမ်းဖတ်စေ့၊ နေလဲစေ့၊ ချဉ်ပေါင်ဖာလာအခွံပါ၊ ဒရင်ကောက်မြစ်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ ကြောင်လျှာစေ့၊ မျောက်ဥခြောက်နဲ့ မာလာဥ ခေါင်းများ တင်ပို့ခဲ့တာဖြစ်ပါတယ်။ တမူးနယ်စပ်ကနေတော့ ကန်ဒေါ်လာ ၁ဝဝ တန်ဖိုးရှိ တောင်လုံးကျော် တန်ဝက်နဲ့ ကန်ဒေါ်လာ ၁ဝဝဝ တန်ဖိုး၊ စမုံညို ၁ ဒသမ ၄ တန် တင်သွင်းမှုရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: နကသMIRT (DOBT)