Main menu

Background

မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ တန် ၆ဝဝ ကျော် ယခုအပတ် တင်ပို့

Wed, 03/30/2011 - 07:20 -- Anonymous (not verified)

မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများမှ ရော်ဘာ တန် ၆ဝဝ ကျော် ယခုအပတ် တင်ပို့                  မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရးဇုန်မRSS-3  ၃ဝ၉ တန်၊ MSR-50  ၂၄ တန်၊ ချင်းရွှေဟော်မှ RSS-3  ၉၁ တန်ကျော်၊MSR-50  ၁၁၂ တန်ကျော်နဲ့ မြိတ်မှ MSR-50 တန် ၁ဝဝ အပါအဝင် နယ်စပ်စခန်း ၃ ခုမှ စုစုပေါင်း RSS-3  တန် ၄ဝဝ ကျော် ကန်ဒေါ်လာ ၁ ဒသမ ၈၅၈ သန်း၊MSR-50  ၂၃၇ တန်ခန့် ကန်ဒေါ်လာ ၁ ဒသမ ဝ၂၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၄၁၉ တန်ခန့် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။RSS-5 ဈေးဟာ ယခင် အပတ်ကထက် မိမိဘက်မှာရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာဈေးများ ကျလျက်ရှိပါတယ်။ တရုတ် ဝယ်လက်များကလည်း ရော်ဘာဈေးနှုန်းကျဆင်းလာမည့်အခြေအနေကို စောင့်ကြည့်နေတယ်လို့သိရပါတယ်။