Main menu

Background

ဈေးကွက်မှ ရော်ဘာအစေးတင်ပို့မှု အလားအလာကောင်း

Wed, 03/30/2011 - 07:24 -- Anonymous (not verified)

ဈေးကွက်မှ ရော်ဘာအစေးတင်ပို့မှု အလားအလာကောင်း                ရော်ဘာအစေးထုတ်လုပ်သူများဟာ ရေရှည်မှာ သူတို့ရဲ့ ထုတ်လုပ်မှုတွေကို ပုံမှန်တင်ပို့ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားသင့် ကြောင်း ရော်ဘာအသင်းဥက္ကဌက ရော်ဘာအသင်းရဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ အစိုးရပိုင်ရော်ဘာကုမ္ပဏီတွေက ရော်ဘာအစေးကို အဓိကထုတ်လုပ်နေပြီး အထူးအခွင့်အရေးအနေနဲ့ ဒီလမ်းကြောင်းကို ရွေးချယ်ထားသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။လက်ရှိဈေးကွက်အခြေအနေအရ ကမ္ဘာ့ရော်ဘာအစေးဈေးနှုန်းက ပြည်တွင်းဈေး ထက် မြင့်တာကြောင့်မို့ ပို့ကုန်အတွက် အလားအလာကောင်း ကြောင်း အစည်းအဝေးမှာ မှတ်ချက်ပြုခဲ့ပါတယ်။ရော်ဘာ လုပ်ငန်း လုပ်ကိုင်ကြသူများအနေနဲ့လည်း ရော်ဘာ ထုတ်လုပ်သူများနဲ့ အဖွဲ့အစည်းများရဲ့အကျိုးဖြစ်ထွန်းစေမဲ့ လေ့လာမှုများပြုလုပ်ကြ ရန်နဲ့ ဈေးကွက်မှာ ရော်ဘာ အစေးဈေးနှုန်းနဲ့ ရော်ဘာပြားဈေးနှုန်းကွာဟမှုရှိနိုင်တာကို သတိပြုကြဖို့ နှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါတယ်။                                                 KZW, Source: Commodity online