Main menu

Background

ရော်ဘာ အခြေအနေပြန်ကောင်းနိုင်

Wed, 03/30/2011 - 07:29 -- Anonymous (not verified)

ရော်ဘာ အခြေအနေပြန်ကောင်းနိုင်                 ရော်ဘာဈေးနှုန်းဟာ တစ်ချိန်လုံးမြင့်တက်နေရာကနေ အိန္ဒိယအမိုျးသား ကုန်စည်ဒိုင်(NMCE) မှာ ၂၆ ရာခိုင်နှုန်း ခန့်ကျဆင်း လာခဲ့ကြောင်း သိရပါတယ်။ဒီဖြစ်ရပ်ကဂျပန်မှာ ငလျင်လှုပ်ပြီးနောက်ပိုင်းဖြစ်ပွားခဲ့ တာဖြစ်ကြောင်းသိရပါတယ်။ ငလျင် ဒဏ်ကြောင့် ဂျပန်နိုင်ငံရဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ နျူကလီးယားပံျ့နံှ့မှု အကျပ်အတည်းက ကမ္ဘာ့ရော်ဘာဝယ်လိုအားကို အကန့်အသတ်နဲ့သာ ထိခိုက်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင် ဘရစ်စတုန်းနဲ့ မီချီလင်းတို့လို အဓိကကုမ္ပဏီကြီးတွေရဲ့ ကိုယ်ပိုင်စက်ရုံတွေ မပျက်စီးခဲ့တာကြောင့် ဖြစ်တယ်လို့ ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) က ပြောကြားခဲ့ ပါတယ်။ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ တာယာစက်ရုံတွေ ရက်အတန်ကြာပိတ်ထားခြင်းက ကမ္ဘာ့ဝယ်လိုအားကို သိသိ သာသာ ထိခိုက်မှုမရှိကြောင်း၊ တကယ်လို့ ထိခိုက်မှုအနည်းအကျဉ်းရှိခဲ့ရင်လဲ ရေတိုကာလမျှသာ ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဂျပန်က ကမ္ဘာ့ရော်ဘာဝယ်လိုအားရဲ့ ၇ ရာခိုင်နှုန်းကို သုံးစွဲပါတယ်။အိန္ဒိယကားထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအား ကောင်းဆဲဖြစ်ပြီး စဉ်ဆက်မပြတ်ဝယ်လိုအားရှိမယ်လို့လည်း မျှော်မှန်းကြပါတယ်။ရော်ဘာဈေးနှုန်းက လွန်ခဲ့တဲ့နှစ်မှာ နှစ်ဆနီးပါးတက်ခဲ့ပေမဲ့ ကမ္ဘာ့ဝယ်လိုအားကျ ဆင်းမှာကိုကြောက်ခြင်းနဲ့ ဂျပန်ရဲ့အကျပ်အတည်းကြောင့် ကုန်သည်များက လှောင်ကုန်များကို ထုတ်ရောင်းကြတာကြောင့် ရော်ဘာဈေးနှုန်းတစ်ရှိန်ထိုးကျဆင်းခဲ့ပြန်ပါတယ်။ဂျပန်နိုင်ငံက ပြန်လည် တည်ဆောက်ရေးတွေကို စတင်တာနဲ့တစ်ပြိုင်နက် သဘာဝရော်ဘာ ဝယ်လိုအားအင်အားကြီးမားစွာတက်လာပြီး ဈေးလဲပြန် ကောင်းနိုင်ကြောင်း သတင်းရရှိပါတယ်။                     KZW,Source: Commodity online