Main menu

Background

ရော်ဘာစက်မှုလုပ်ငန်းများရော်ဘာအစေး သွင်းကုန်ခွန်လျှော့ချစေလို

Wed, 03/30/2011 - 07:34 -- Anonymous (not verified)

ရော်ဘာစက်မှုလုပ်ငန်းများရော်ဘာအစေး သွင်းကုန်ခွန်လျှော့ချစေလို                 မကြာသေးတဲ့ကာလများက သဘာဝရော်ဘာဈေးနှုန်းတွေမြင့်တက်တာကြောင့် အိန္ဒိယရော်ဘာစက်မှု လုပ်ငန်းများ အသင်း (AIRIA) က ရော်ဘာအစေးရဲ့ အကောက်ခွန်နှုန်းထားကို ချက်ချင်းပြင်ဆင်လိုက်ကြောင်း သိရပါတယ်။ရော်ဘာ အစေးရဲ့ သွင်းကုန်အခွန်က ၇ဝ ရာခိုင်နှုန်းရှိပြီး အသင့်လုပ်ပြီး ပစ္စည်းရဲ့ အခွန်နှုန်းထားက ၇ ဒသမ ၅ ရာခိုင်နှုန်း အောက် လျော့နည်းကြောင်း (AIRIA) ကပြောကြားခဲ့ပါတယ်။ သဘာဝရော်ဘာထုတ်လုပ်မှု တိုးတက်လာပြီး တာယာစက်မှု လုပ်ငန်းများရဲ့ ထုတ်လုပ်မှုစွမ်းအားလဲတက်လာကာ သဘာဝရော်ဘာရဲ့ ဝယ်လိုအားက ချက်ချင်းတိုးလာကြောင်း သိရပါတယ်။ ၂ဝ၁ဝ ဧြင်္ပီကနေ ၂ဝ၁၁ ဖေဖော်ဝါရီအထိ ကာလအတွင်း သဘာဝရော်ဘာရဲ့ ထုတ်လုပ်မှု ၃ ရာခိုင်နှုန်းတိုးတက်ပြီး (၈ဝ၄၄၅ဝ) တန်ရှိကာ သုံးစွဲမှု ၁ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ပြီး (၈၆၈၂၃ဝ) တန်ရှိကြောင်း သိရပါတယ်။ဝယ်လိုအားနဲ့ ဈေးနှုန်းတက်လာပြီး စက်မှုလုပ်ငန်းတွေရဲ့ ရပ်တည်မှုအတွက် ရော်ဘာအစေးဈေးနှုန်းတက်ခြင်းက အရေးပါကြောင်း (AIRIA) က ထောက်ပြခဲ့ပါတယ်။ အိန္ဒိယမှာ ရော်ဘာအစေးသုံးစွဲမှုက မွေ့ယာ၊ ဆေးဝါးနဲ့ ခွဲစိတ်ကိရိယာများဖြစ်တဲ့ လက်အိတ်၊ ဘောလုံး၊ ရေနွေးပုလင်းများနဲ့ အားကစားသုံးပစ္စည်းအချို့ထုတ်လုပ်မှုမှာ အများဆုံးသုံးစွဲကြပါတယ်။ ရော်ဘာပြားတွေနဲ့ ရော်ဘာအစေးဈေးနှုန်းက တစ်ချိန်လုံးမြင့်တက်နေခဲ့ပြီး ၂ဝဝ၉ ဇန်နဝါရီလမှာ တစ်ကီလိုဂရမ်ကို (၅၅) ရူပီးကနေ ယခုလက်ရှိကာလမှာ တစ်ကီလိုဂရမ်ကို (၁၁၇) ရူပီးကိုရောက်ရှိနေပါတယ်။ ဒါ့အပြင် ရော်ဘာအစေးရဲ့ သွင်းကုန်ခွန်ကလည်း ၁၉၉၉-၂ဝဝဝ ခုနှစ်မှာ ၂၅ ရာခိုင်နှုန်းရှိရာကနေအံ့သြစရာ ကောင်းလောက်အောင်ပဲ ၇ဝ ရာခိုင်နှုန်းကို မကြာသေးမီကာလကပဲရောက်ရှိခဲ့ပြီး အလားတူစွာ အသင့်သုံး ရော်ဘာသုံးပစ္စည်းတွေရဲ့ အခွန်ကတော့ တစ်ချိန်တည်းမှာပဲ ၄ဝ ရာခိုင်နှုန်းကနေ ၇ ဒသမ ၅ ရာခိုင်နှုန်းကိုလျှော့ချ ခဲ့ကြောင်း AIRIA  ရဲ့ ဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရော်ဘာအစေးက ရော်ဘာပင်က တိုက်ရိုက်ထွက်ရှိတာဖြစ်ပြီး ရော်ဘာစေးကို ပြုပြင်ဖန်တီးပြီးမှ ရော်ဘာပြားကိုရရှိတာ ဖြစ်ပါတယ်။၂ဝ၁၁ မတ်လတိုင်အောင်ရော်ဘာပြားရဲ့ သတ်မှတ်ထားတဲ့အရေအတွက် သွင်းကုန်ခွန်ကို ၇ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ကောက်ခံမှာဖြစ်ပြီး တစ်ကီလိုကို ရူပီး ၂ဝ ခန့်သာ ကျသင့်ပါတယ်။ အစိုးရအနေနဲ့ ရော်ဘာအစေးရဲ့ သွင်းကုန်ခွန်ကိုလဲ အလားတူလျှော့ချပေးသင့်ကြောင်း AIRIA  က ပြောကြား ပါတယ်။ရော်ဘာပြားရဲ့ အခွန်တစ်ကီလိုကို ရူပီး ၂ဝ ကုန်ကျချိန်မှာ ရော်ဘာအစေးက ရူပီး ၁ဝဝ ခန့်ကျသင့် ကြောင်း သိရပါတယ်။ဖေဖော်ဝါရီလအတွက် ရော်ဘာ ထုတ်လုပ်မှု ၅ ဒသမ ၈ ရာခိုင်နှုန်းတိုးပြီး ၅၄၅ဝဝ တန်ရှိကာ သုံးစွဲမှုကတော့ ၂ ဒသမ ၅ ရာခိုင်နှုန်း လျော့ပြီး ၇၉ဝဝဝ တန်သာရှိကြောင်း ရော်ဘာ အသင်းက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ KZW Source: Business time