ယခုအပတ် နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၉ဝဝဝ ကျော်ပို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကန် ဒေါ်လာ ၂ ဒသမ ၂၉၆ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၉၁၆၆ ဒသမ ၇၅ တန်ကို မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလ အတွင်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က မူဆယ်နဲ့လွယ်ဂျယ်တို့မှသာ တန် ၆၄၄ဝ ကျော်တင် ပို့ခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်၊ လွယ်ဂျယ် အပြင် ချင်းရွှေဟော်နယ်စပ်မှလည်း တင်ပို့တဲ့အပြင် မူဆယ်နဲ့လွယ်ဂျယ်မှ တင်ပို့မှုများကလည်း ၂၆၄၆ တန်ကျော် ပိုမိုခဲ့တဲ့အတွက် ယခင်အပတ်ကထက် ယခုအပတ်မှာ တန် ၂၇၂၆ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက် ယခုအပတ်မှာ ပြောင်းဖူးစေ့ တင်ပို့နိုင်မှုများကတော့ မူဆယ်မှ ၈၁၂၇ တန်ကျော်၊ လွယ်ဂျယ်မှ ၉၅၉ တန်နဲ့ ချင်းရွှေဟော်မှ တန် ၈ဝ အသီး သီးဖြစ်ပါတယ်။ မိမိဘက်မှာရော တစ် ဘက်နိုင်ငံမှာပါ ယခင်အပတ် ကထက် ပြောင်းဈေး မြင့်တက်လျက်ရှိ ပါတယ်။ ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရ ပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅၄၅၂ဝ ၂၅၄၁၃၈ ၃၈၂ ဝ .၂ ၂၈၃ ၂၇၇ ၆ ၂MIRT (DOBT)
Background