Main menu

Background

စံပြငါးဈေးသို့ မော်တော်ကားနှင့် ရေယာဉ် ငါးစီးခန့်သာအဝင်ရှိခဲ့

Wed, 03/30/2011 - 07:58 -- Anonymous (not verified)

စံပြငါးဈေးသို့ မော်တော်ကားနှင့် ရေယာဉ် ငါးစီးခန့်သာအဝင်ရှိခဲ့                 ၂ဝ၁၁ ခုနှစ် မတ်လစတုတ္ထ ပတ်တွင်စံပြငါးဈေးသို့ မော်တော်ကားနှင့် ရေယာဉ် ငါးစီးခန့်သာအဝင် ရှိနေကြောင်း ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးကြီးမှ သိရှိရသည်။                    ''မတ်လတတိယပတ်မှာလဲ ရာသီ ဥတုအခြေအနေကြောင့် ငါးဖမ်းစက် လှေတချို့ ပင်လယ်ကိုငါးဖမ်းနားကြတယ်။ အရင်က ရာသီဥတုအခြေအနေ ကိုဂရုမစိုက်ကြပေမဲ့ နာဂစ်ဖြစ်ပြီးတဲ့ နောက်ပိုင်း၊ ဂီရီဝင်ပြီးတဲ့နောက်ပိုင်းမှာ ငါးဖမ်းတဲ့သူတွေ ဟာ အကြောက်တရားနဲ့ရာသီဥတုအခြေအနေကို သေချာနားထောင်တယ်။ မုန်တိုင်းရှိနိုင်တယ်ဆိုရင်ပဲ ငါးဖမ်း မထွက်ကြတော့ဘူး။ အဲဒီလို ရက်မျိုးဆိုရင် စံပြငါးဈေးကိုငါးအဝင်နည်းတယ်။ မတ် ၁၉ ရက်မှာ ငါးပိဿာချိန် ၁၄ဝ၆၂၅ ပိဿာပဲ အဝင်ရှိခဲ့တယ်'' မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြ ငါးဈေးကြီးသို့ ယခင်က မော်တော်ကားနှင့် ရေယာဉ် ၂၅ စီးစာ ရေချိုငါးများ ပုံမှန်အဝင်ရှိ ခဲ့သည်ဟုဆိုသည်။           M.N