Main menu

Background

ငါးမွေးကန်အချို့တွင် ငါးသေဆုံးမှုများဆက်ရှိနေ

Wed, 03/30/2011 - 08:00 -- Anonymous (not verified)

ငါးမွေးကန်အချို့တွင် ငါးသေဆုံးမှုများဆက်ရှိနေ                    ငါးမွေးကန်အချို့တွင် ငါးသေဆုံး မှုများ ဆက်လက်ရှိနေသေးကြောင်း ငါး မွေးလုပ်ငန်းရှင်များထံက သိရသည်။ ''ငါးမွေးကန်အချို့မှာ ဖေဖော်ဝါရီ နောက်ဆုံးအပတ်နဲ့ မတ်လပထမပတ်လောက်အထိ နေပူပြင်းလာတဲ့အတွက် အချို့ငါးကန်တွေထဲက ငါးတွေသေဆုံးမှုဖြစ်ခဲ့တယ်။ မတ်လ ဒုတိယပတ်လောက်က မိုးရွာမှုနဲ့ အအေးဒဏ်တွေ ကြောင့် ငါးအသေအပျောက် ပါးသွားတယ်။ ဒါပေမဲ့ အသေကတော့ ရှိနေတုန်းပဲ။ ဒီရက်တွေထဲ (မတ်လ နောက်ဆုံးပတ်)မှာ နေပြန်ပူလာတဲ့အတွက် ငါး အသေအပျောက် ထပ်ဖြစ်လာ တယ်။ အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တောင်ပိုင်းဒေသတို့မှာ ငါးအသေအပျောက်တွေရှိတယ်'' ဟု ငါးမွေးမြူရေး အသင်းမှ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပြ သည်။ မြန်မာနိုင်ငံတွင် ငါးမွေးမြူရေးဧက နှစ်သိန်း တစ်သောင်းကျော်ရှိပြီး ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မွေးဧကတစ်သိန်း ကျော်ရှိနေသည်ဟုဆိုသည်။ M.N