ပုသိမ်-အိမ်မဲ မီးရထားလမ်းသစ်ဖွင့်လှစ်
ပုသိမ်-အိမ်မဲ မီးရထားလမ်းသစ်ဖွင့်လှစ် ပုသိမ်-လှိုင်သာယာလမ်းပိုင်းတွင်ရှိသော ပုသိမ်-အိမ်မဲ မီးရထားလမ်းသစ်ကို ၂ဝ၁၁ခုနှစ် မတ်လ ၂ဝ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။ ပုသိမ်-အိမ်မဲ မော်တော်ကားလမ်း ကားခ ၁၅ဝဝ ကျပ်နှုန်းဖြင့် ခရီးသည်များ သွားလာလျက် ရှိရာမှ ယခုအချိန် မီးရထားလမ်းဖြင့် ရထားခတစ်ဦးလျှင် ၃ဝဝ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ သွားလာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပုသိမ်-အိမ်မဲ ၃၅ ဒသမ ၅ မိုင် ခရီးစဉ်အတွက် အိမ်မဲဘူတာမှ နေ့စဉ်နံနက် ၆း၁၅ ထွက်ရှိပြီး၊ ပုသိမ်မြို့သို့ နံနက် ၉း၁ဝ နာရီရောက်ရှိမှာဖြစ်ကြောင်း၊ ပုသိမ်မြို့မှ နေ့ခင်း ၁၄း၃ဝ ထွက်ရှိပြီး၊ အိမ်မဲသို့ ၁ရး၂၅ နာရီ ရောက်ရှိ၍ နေ့ချင်းပြန်ပြေးဆွဲလျက်ရှိကြောင်းနဲ့ ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် လည်း ပုံမှန်ထက်သက်သာသော လပေးစနစ်ဖြင့် လက်မှတ်များကို ရောင်းချပေး လျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦီး
