Main menu

Background

မန္တလေးစက်မှုဇုန်(၂) တောင်ဘက်ရှိ မြေကွက်များ ဆက်တိုက် ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်

Wed, 03/30/2011 - 08:31 -- Anonymous (not verified)

မန္တလေးစက်မှုဇုန်(၂) တောင်ဘက်ရှိ မြေကွက်များ ဆက်တိုက် ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်                  မန္တလေးစက်မှုဇုန် (၂) တောင်ဘက်နဲ့ မြစ်ငယ်-ထုံးဘိုလမ်းခွဲကြားရှိ '' လလ'' နဲ့ ''ဝဝ'' မြေကွက်များမှာ ဆက်တိုက်ဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။                      ၆၂ လမ်းမကြီး အရှေ့ဘက်ရှိ ''လလ'' မြေဈေးမှာ ၆၂ လမ်းကြား အနောက်ခြမ်း ဈေးမြင့်တက်ခြင်းကြောင့် ဈေးကွက်လိုက်လျက်ရှိပါတယ်။ အနောက်ခြမ်း အကွက်များမှာ လက်ကားကုန်စည်ဒိုင်ကြီးနဲ့ ကားကြီးကွင်း တည်ဆောက်ရေး စီမံကိန်းကြောင့် ဈေးနှုန်းဆက်တိုက်မြင့်တက်လျက်ရှိသော်လည်း အရောင်းအဝယ် လည်း ဖြစ်လျက်ရှိပါတယ်။ '' လလ'' အနောက်ခြမ်းမြေဈေးမှာ အမြင့်ဈေးထိ ရောက်ရှိ၍ ''လလ'' အရှေ့ခြမ်းစီးပွားရေး မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ် လာကြောင်း သိရပါတယ်။                     အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက '' လလ'' အရှေ့ခြမ်းပိုင်းက ဈေးနည်းတယ်။ မြစ်ငယ်၊ ထုံးဘိုဖြတ်လမ်းအနီး မြေကွက်တွေတော့ ဈေးနည်းနည်း ပိုရတယ်။ ''လလ'' အနောက်ခြမ်းက စီးပွားရေး စီမံကိန်းတွေရှိတဲ့အတွက် ဈေးက တစ်ပတ်တစ်ခါမတူဘူး။ ဆက်တိုက်ဈေးမြင့်နေတာ၊ ကြားကွက်ဆို သိန်း ၃ဝဝ နဲ့ ၃၅ဝ ကျပ်ကြားရှိတယ်။ ၆၇ လမ်း၊ ၆၆ လမ်းပေါ်ဆို သိန်း ၁ဝဝဝ ကျပ်၊ မက္ခရာလမ်းပေါ်ဆို သိန်း ၅၅ဝ ကျပ်၊ တပင်ရွှေထီးလမ်းပေါ်ဆို သိန်း ၆ဝဝ ကျပ်ကြား ရှိတယ်။ ''ဝဝ'' ၉၊ ၁ဝ အကွက်ကြားကွက်ဆို သိန်း ၇ဝဝ ကျပ်၊၊ ၆၇ လမ်းပေါ်သိန်း ၁၂ဝဝ၊ ၆၈ လမ်းပေါ်သိန်း ၁၅ဝဝ ကျပ်ဈေးရှိတယ်။ ''လလ'' အရှေ့ခြမ်းက ကြားကွက်သိန်း ၁၅ဝ ကျပ်၊ လမ်းတင်သိန်း ၃ဝဝ ဝန်းကျင်မှာရှိတယ်။ အနောက် ခြမ်းအကွက်က ဈေးဆက်မြင့်နိုင်တယ်''လို့ ပြောပါတယ်။               ဇူးဇူး