သြင်္ကန်ကား အငှားဈေးကွက် စတင်လှုပ်ခတ်လာ မြန်မာလူမျိုးတို့၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် နှစ်သစ်ကူး သြင်္ကန်ကာလနှင့် နီးကပ်လာသော ကြောင့် မြို့အနံှ့လျှောက်၍ လည်ပတ် လိုကြသူများအတွက် သြင်္ကန်တွင်းကားအငှား ဈေးကွက်မှာ စတင်လှုပ်ခတ် လာပြီဖြစ်ကြောင်း သြင်္ကန်တွင်းအငှား ကားလိုက်သည့် အသိုင်းအဝိုင်းမှ တစ်ဆင့် စုံစမ်းသိရှိရသည်။ ''အစ်မတို့ဆီမှာ သြင်္ကန်တွင်းကားအငှားလိုက်ပါတယ်။ လူငယ်တချို့ လည်း လာငှားထားပြီးပါပြီ။ လောလောဆယ် သုံးစီးငှားထားပြီးသွားပြီ ဒီမှာကတော့ တစ်ရက်ချင်းအတွက် လာငှားတာပဲ ရှိသေးတယ်။အငှားများ တာကတော့ ဂျစ်ကားပါပဲ။ ငှားဖို့စရံ လာလုပ်သွားတဲ့ သုံးစီးလုံးကလည်း ဂျစ်ကားပဲ။ ဈေးကတော့ မနှစ်ကထက် မြင့်ပါတယ်။ အစ်မတို့ဆီမှာတော့ ဂျစ် ဆိုရင် တစ်ရက်တစ်သိန်းကျော် ယူတယ်''ဟု ပွင့်ဖြူ အငှားယာဉ်ထောင် ထားသူ မငယ်ငယ်က ပြောပြသည်။ အတာသြင်္ကန်ကာလတွင် ဂျစ် ကားများသည် အငှားလိုက်မှုအများဆုံးဖြစ်ပြီး မာဇဒါဂျစ်၊ရှမ်းဂျစ်နှင့်မန္တလာဂျစ် တို့မှာလည်း အငှားရဆုံးဖြစ်ကာ ဈေးနှုန်းအရလည်း ပိုမိုပေးချေရသည့် ကားများဖြစ်သည်။ သြင်္ကန်တွင်းကာလတွင် ပျော်ရွှင်စွာ လည်ပတ်လိုကြသော လူ ငယ်တို့သည် တစ်ဦးတည်း ကျသင့်ငွေ စိုက်ခံ၍ ငှားရမ်းခြင်းသော် လည်း ကေင်း အဖွဲ့လိုက် စုပေါင်း၍ ငှားရမ်း ခြင်းသော်လည်းကောင်း ပြုလုပ်လေ့ရှိ သည်။ သြင်္ကန်တွင်းကားအငှားလိုက်သည့် ယာဉ်များမှာ ဆီအပါအဝင်ဆိုလျင် ဈေးနှုန်း ပိုမိုကျပြီး မိမိမှဆီဖြည့်၍ လည်ပတ်ပါက ငှားရမ်းခဈေးနှုန်းမှာ အနည်းငယ်ချိုသာမှုရှိကြောင်း သိရသည်။ မင်းချို
Background