ချင်းတက်ပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်တဲ့ အောင်ပန်းချင်း ဒီတစ်ပတ်မှာတော့ ဈေးကွက်သို့ နမ့်စမ်ချင်းများ အနည်းငယ်ဝင်လာပါတယ်။ တစ်ရက်ကို ပိဿာချိန် ၅ဝဝဝ-၆ဝဝဝ လောက် ဝင်တယ်လို့သိရပါတယ်။ ဈေးကတော့ တစ်ပိဿာကို ၅၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းကတော့ ခြံထွက် အလယ် အလတ်တန်းစားတွေလို့ သိရပါတယ်။ ဟိုပုံးချင်းကတော့ ချင်းစိုတစ်ပိဿာကို အတက်ပေါ် မူတည်ပြီး (၅ဝဝ ကျပ်မှ ၆ဝဝ ကျပ်)၊ ချင်းခြောက်တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ ပြန်ရောင်းမယ့် ဈေးပတ်သမားတွေသာ အဝယ်ရှိလို့ ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့သိရှိရပါတယ်။ အောင်ပန်းဈေးကွက်မှာလည်း အတက်ပေါ်မူတည်ပြီးရောင်းဝယ်ကြလို့ ချင်းမြေနီ တက်ကြီးတစ်ပိဿာ ၈ဝဝ ကျပ်၊ မြေဝါတက်ကြီးတစ်ပိဿာ ၇ဝဝ ကျပ်၊ မြေဖြူတက်ကြီးတစ်ပိဿာ ၆ဝဝ ကျပ်၊ ဒါးလှီးချင်းအသေး ၅ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ မျိုးပယ်ချင်းအညံ့ ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်ဈေးရှိပြီး၊ ချင်းခြောက် တစ်ပိဿာကို ၂ဝဝဝ ကျပ်၊ ၂၁ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းစိုကတော့ ပြည်တွင်းသုံးပဲ ရှိပြီး၊ ချင်းခြောက်ကတော့ နထစသမအ ရှိလို့ အနည်းငယ်အရောင်းသွက်လာတယ်လို့ လည်း သိရပါတယ်။ တောင်ကြီး ဈေးကွက်မှာတော့ တစ်ပိဿာကို ၂ဝဝဝ ကျပ်ဈေး ရှိကြောင်း တောင်ကြီးကုန်စည်ဒိုင်မှသိရှိရပါတယ်။ S.Y.H
Background