Main menu

Background

ဂျပန်နိုင်ငံနျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ပြည်သူများ ဗီယက်နမ်ဆားကို ဝယ်ယူလာ

Wed, 03/30/2011 - 09:03 -- Anonymous (not verified)

ဂျပန်နိုင်ငံနျူကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ပြည်သူများ ဗီယက်နမ်ဆားကို ဝယ်ယူလာ                 တရုတ်ပြည်သူများဟာ ဂျပန်နိုင်ငံမှ ရေဒီယိုသတ္တိြွကပြန့်နံှ့မှုကို ဆားလုပ်ငန်းများမှာ ကာကွယ်မယ့်သတင်းများကြောင့် နယ်စပ်မှ ဖြတ်ကျော်ပြီး ဗီယက်နမ်အိုင်အိုဒင်းဆားများ ဝယ်ယူစုဆောင်းလာကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် ရေဒီယိုသတ္တိြွကများ ပင်လယ်ထဲသို့ စီးဝင်ပြီး ပင်လယ်ရေမှာ ပါဝင်နိုင်တာကို စိုးရိမ်ပြီးHe Kou  ရှိ တရုတ်ပြည်သူများဟာ ဗီယက်နမ်နိုင်ငံက ဆားကို အပြေးအလွှား ဝယ်ယူလာတဲ့အတွက် ဆားဈေးများ ထောင်တက်ခဲ့တယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံLao Cai  ပြည်နယ် Coc Leu  ရှိ ဆားဆိုင်ပိုင်ရှင်များ ပြောကြားချက်အရ ဆားဈေးကွက်ဟာ ပုံမှန်ထက် ပိုရောင်းနေရတယ်လို့ သိရပါတယ်။ ဆားဈေးများလည်း ၃၅-၅ဝ ရာခိုင်နှုန်းခန့်မြင့်တက်ခဲ့သလို ဆားလက်ကျန်များ ဟာလည်း ၂ ရက်အတွင်း ရောင်းကုန်သွားတယ်လို့ ဆိုပါတယ်။ လက်လီအရောင်းဆိုင်များကလည်း ၎င်းတို့အနေနဲ့ တိုးတက်နေတဲ့ ဝယ်လိုအားကိုဖြည့်ဆည်းနိုင်ဖို့ အမြင့်ဈေးနဲ့ ဆားတွေဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဝယ်လိုအား အလွန်အမင်းမြင့်မားနေခြင်းက ဆားဈေးရုတ်တရက် မြင့်တက်စေခဲ့တယ် ဆိုပါတယ်။ ပုံမှန်အနေနဲ့ အိုင်အိုဒင်းဆား ၅ဝ ကီလိုတစ်အိတ်ကို ဒေါင် ၁ဝ၅ဝဝဝ (ကန်ဒေါ်လာ၅ ဒသမ ဝ၄)ရှိရာမှ ဒီရက်ပိုင်းအတွင်း ဒေါင် ၁၆ဝဝဝဝ - ၂ဝဝဝဝဝ (ကန်ဒေါ်လာ ၇ ဒသမ ၇၆-၉ ဒသမ ၅၉) အထိမြင့်တက် လာခဲ့တယ်လို့ ဆိုပါတယ်။                      He Kou ရှိတရုတ်ဈေးဆိုင်ပိုင်ရှင်တစ်ဦးကလည်း တရုတ်လူမျိုးများ ဆားကို အပြေးအလွှား ဝယ်ယူလာ ကြလို့ ဈေးနှုန်း မြင့်တက်နေတယ်လို့ အတည်ပြုပြောကြားပါတယ်။ ၂ ကီလို တစ်အိတ်ကို ၅ ယွမ် (ကန်ဒေါ်လာ ဝ ဒသမ ၇၆) နဲ့ ရောင်းချနေရတယ်လို့ ဆိုပါတယ်။ ံHe Kou  ရှိ ဈေးဆိုင်အားလုံးမှာ ဆားပြတ်လပ်သွားလို့ ဗီယက်နမ်Lao Cai   ပြည်နယ်က ဆားတွေစုဆောင်းဝယ်ယူနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း Lao Cai  ပြည်နယ်မှာ ဆားဈေး ထောင်တက်နေတာဖြစ်ပါတယ်လို့ ဆိုပါတယ်။ မတ်လ ၁၇ ရက်နေ့ တစ်ရက်ထဲမှာပင် တရုတ်လူမျိုးများကို ဆား တန် ၃ဝ-၄ဝ ခန့်ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။                  Lao Cai  နယ်စပ်ဂိတ် အကောက်ခွန် ဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်တဲ့ Phan Thi Ha  ပြောကြားချက်အရ တရုတ်He Kou  မှာ ဆားဈေးက ဆက်တိုက်မြင့်တက်ခဲ့လို့ တရုတ်ပြည်သူများက ဗီယက်နမ်ဆားကို ချက်ချင်းတင်သွင်း နေကြတယ်လို့ ဆိုပါတယ်။ တရုတ်အာဏာပိုင်များက ဆားဈေးကွက်တည်ငြိမ်စေဖို့ ကြိုးပမ်းနေပြီး တရုတ်ကျန်းမာရေး စောင့်ရှောက်မှုကျွမ်းကျင်ရှင်များက အိုင်အိုဒင်းဆားများက ရေဒီယိုသတ္တိြွကပြဿနာကို ကာကွယ်နိုင်ခြင်းမရှိကြောင်း ရှင်းပြဖို့ ကြိုးပမ်းနေသလို တရုတ်နိုင်ငံအနေနဲ့ ဂျပန်နိုင်ငံနဲ့ ကီလိုမီတာ ထောင်ပေါင်းများစွာ ကွာဝေးတဲ့အတွက် ရေဒီယို သတ္တိြွကကြောင့် ထိခိုက်မှုမရှိနိုင်ဘူးလို့လည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။                                တရုတ်အာဏာပိုင်များက Lao Cai ပြည်နယ်က ဆားတင်သွင်းမှုကို တင်းကြပ်ထားကြောင်းနဲ့ နယ်စပ်ဒေသခံ များအနေနဲ့ နယ်စပ်ဖြတ်ကျော်ချိန်မှာ လူတစ်ဦး ဆား ၅ အိတ်-၁ဝ အိတ်သာသယ်ယူနိုင်တယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: Vietnam.Net