Main menu

Background

ဘုရင့်နောင်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ပဲတီစိမ်း(ခရမ်း) ဈေးစွာလာ

Thu, 03/31/2011 - 06:22 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင် စဉ် အမျိုးအမည်     ရေတွက်ပုံ       (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)                          ပြောင်းလဲမှု                                                 ယခင်    ယခု            ယခင်        ယခု ၁ မတ်ပဲ(RC)                ၁ တန်    ၇၃၅ဝဝဝ-၇၃၃ဝဝဝ         -         -၂ မတ်ပဲ(SQRC)            ၁ တန်   ၈၃၅ဝဝဝ-၈၂ဝဝဝဝ          -        -၃ မတ်ပဲ(ကုန်ကြမ်း)       ၁ ပိဿာ           -                     ၁၂ဝဝ-၁၁၉ဝ၄ ကုလားပဲဖြူလုံးကြီး     ၁ပိဿာ            -                         ၉၅ဝ-၉၉ဝ၅ ပဲစင်းငုံနီ (RC)           ၁ တန်              -                   ၆၆၆ဝဝဝ-၆၃၅ဝဝဝ၆ ပဲတီစိမ်း (ခရမ်း)        ၁ ပိဿာ            -                    ၁၈၇ဝ-၁၉ဝဝဘုရင့်နောင်မှာ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးကျပြီး ပဲတီစိမ်း(ခရမ်း) ဈေးစွာလာ                      ဒီတစ်ပတ် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)နှင့် ပဲစင်းငုံနီ (RC) က ဈေးကျသွားပေမယ့် အရောင်းအဝယ်တော့ ပုံမှန်ရှိခဲ့ ကြောင်း သိရပါတယ်။ မတ်ပဲ(RC) ကို အိတ်စပို့ဝယ်လက် တွေက အိန္ဒိယမွန်ဘိုင်းမှာ မြန်မာ့မတ်ပဲဈေးကျနေတာရယ်၊ ရန်ကုန် ဈေးကွက်မှာ ပို့ကုန်ဝင်ငွေဒေါ်လာ တစ်ယူနစ်တန်ဖိုး ဈေးမငြိမ်တာ ရယ်အပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှု ရှိနေတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၇၃၃ဝဝဝ ကျပ်နဲ့ တစ် ပတ်အတွင်း တန် ၂၈၇၅ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ။် ပဲစင်းငုံနီ(RC)ကတော့ ပြည်ပဝယ်လက်က ဈေးချအဝယ်ရှိ သလို ဝယ်အားပါနည်းခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ် မှုက တစ်တန်ကို ၆၃၅ဝဝဝ ကျပ်နဲ့ တစ်ပတ်အတွင်းတန် ၅၃ဝ ခန့် သာဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါ့အပြင် ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို အိတ်စပို့ဝယ်လက်တွေက ဝယ်အားပုံမှန်ရှိ တာကြောင့် ယခင်သတင်းပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာ ကို ၁၉ဝဝ ကျပ်(တစ်တန်ကို ၁၁၆၃၅၄၁ ကျပ်)နဲ့ တစ်ပတ်အတွင်း တန် ၇ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။