ဝန်ဆောင်မှု ကုန်သွယ်ရေး
ဝန်ဆောင်မှု ကုန်သွယ်ရေး ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာ အထွေထွေ သဘောတူစာချုပ်(General Agreement on Trade in Services- GATs) အာတီကယ်-၁၃ အစိုးရဝယ်ယူခြင်း(Government Procurement) ၁။ အာတကီ ယ-် ၂၊ ၁၆ နှင့် ၁၇ တသို့ ည ် အစိုး ရဆိုင်ရာ ဝန်ဆောင်မှုအေဂျင်စီများက စီးပွားရေး အတွက်မဟုတ်ဘဲ အစိုးရလုပ်ငန်းများ အသုံးပြု ရန်အတွက် ဝန်ဆောင်မှုဝယ်ယူရာ၌ ကျင့်သုံးသည့် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် သက် ဆိုင်ခြင်း မရှိရပါ။ ၂။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သဘောတူစာချုပ် စတင်အသက်ဝင်ပြီး နှစ်နှစ်အတွင်း ဤသဘောတူစာချုပ်အောက်မှ ဝန်ဆောင်မှု အတွက် အစိုးရဝယ်ယူခြင်းဆိုင်ရာ နိုင်ငံပေါင်းစုံ စေ့စပ်ဆွေးနွေးပွဲများကို ပြုလုပ်ရမည်။ အာတီကယ် - ၁၄ အထွေထွေခြွင်းချက်များ(General Exceptions) ဤသဘောတူစာချုပ်သည် အဖွဲ့ဝင်နိုင်ငံက လက်ခံကျင့်သုံးသော အောက်ပါအစီအမံများနှင့် သက်ဆိုင် ခြင်းမရှိစေရပါ။ (က) ပြည်သူလူထု၏ ကိုယ်ကျင့်တရားနှင့်အကျင့်စာရိတ္တကိုကာကွယ်ရန် လိုအပ်သော အစီအမံ သို့မဟုတ် ငြိမ်ဝပ်ပိပြား မှုကို ဆက်ထိန်းထားရန် လိုအပ်သော အစီအမံ (ခ) လူ၊ တိရစ္ဆာန် သို့မဟုတ် အပင်၏ အသက် သို့မဟုတ် ကျန်းမာရေးကို ကာကွယ်ရန်လိုအပ်သော အစီအမံ (ဂ) အောက်ပါတို့နှင့် ဆက်နွယ်လျက်ရှိသောကိစ္စများအပါအဝင် ဤသဘောတူစာခုျပ်ပါ စည်းမျဉ်းများနှင့် ညီညွတ် သော ဥပဒေများ သို့မဟုတ် စည်းမျဉ်း များကို လိုက်နာကျင့်သုံးရန် လိုအပ် သော အစီအမံ (၁) မမှန်မကန် လိမ်လည်သော အလေ့အကျင့်များကို တားဆီး ကာကွယ်ခြင်း၊ သို့မဟုတ် ဝန်ဆောင်မှု ကန်ထရိုက်များအပေါ်ပျက်ကွက်မှု ပေါ်ပေါက်လာသည့် အကျိုးရလဒ်များကို ကိုင်တွယ်ဆောင်ရွက်ခြင်း (၂) ကိုယ်ရေးအချက်အလက် ပြုစုခြင်း၊ ဖြန့်ဝေခြင်းနှင့် ဆက်နွယ်သော တစ်ဦးချင်း၏ လျို့ဝှက်ချက်ကို ကာကွယ်ခြင်းနှင့် တစ် ဦးချင်း၏ မှတ်တမ်းများနှင့် စာရင်းများ၏ လျို့ဝှက်ချက်ကို ကာကွယ်ခြင်း။ (၃) လုံခြုံစိတ်ချရမှု။ (ဃ) အာတီကယ် - ၁၇နှင့် ညီညွတ်မှုမရှိဘဲ အခြားအဖွဲ့ဝင်နိုင်ငံများ၏ ဝန်ဆောင်မှုများ သို့မဟုတ် ဝန်ဆောင်မှုပေးသူ များနှင့်စပ်လျဉ်း၍ မျှတသော သို့မဟုတ် အကျိုးဖြစ်ထွန်းသော အခွန် စည်းကြပ်ခြင်း သို့မဟုတ် တိုက်ရိုက် အခွန်အခများ ကောက်ယူခြင်းကို အာမခံသည့် ရည်ရွယ်ချက်ဖြင့် ခွဲခြား ဆက်ဆံခြင်း (င) အာတီကယ်-၂နှင့် ညီညွတ်မှုမရှိဘဲ နှစ်ထပ်အခွန်ကောက်ခံမှု ရှောင်လွဲှခြင်း ဆိုင်ရာ သဘောတူစာချုပ်၏ ရလဒ် ကြောင့် ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အခြား အပြည်ပြည်ဆိုင်ရာ စာချုပ် သို့မဟုတ် အစီအစဉ်တွင် ပါရှိသော နှစ်ထပ်အခွန်ကောက်ခံမှု ရှောင်လွဲှခြင်း ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အဖွဲ့ဝင်နိုင်ငံက လိုက်နာရန် တာဝန် ရှိသဖြင့် ခွဲခြားဆက်ဆံခြင်း။ မှတ်ချက် ဤသဘောတူစာချုပ်တွင် ပါရှိသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် မလိုသော သို့မဟုတ် စည်းမျဉ်းစည်းကမ်းများမှ ကင်းလွတ် ခွင့်ရသော ြွခင်းချက်များဖြစ်သည်။ အစိုးရအေဂျင်စီများ အစိုးရဌာနများ အသုံး ပြုရန်အတွက် ဝယ်ယူသော ဝန်ဆောင်မှုများ အတွက် ဤသဘောတူစာချုပ်၏ စည်းမျဉ်းစည်း ကမ်းများကို လိုက်နာရန်မလိုဘဲ နိုင်ငံတွင် ချမှတ် ကျင့်သုံးလျက်ရှိသော အစိုးရဝယ်ယူခြင်းဆိုင်ရာ ဥပဒေစည်းမျဉ်းများအတိုင်းသာ ဆောင်ရွက်ရန် ဖြစ်သည်။ သို့ရာတွင် အစိုးရပိုင်/နိုင်ငံပိုင် စီးပွား ရေးလုပ်ငန်းများက စီးပွားရေးလုပ်ရန် ဝယ်ယူ သည့် ဝန်ဆောင်မှုများဖြစ်လျှင် ဤသဘောတူ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ကျင့်သုံးရမည်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)၏ သဘောတူစာချုပ်များသည် အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားဆက်ဆံခြင်းကို ခွင့်မပြုပါ။ တန်းတူညီမျှ ဆက်ဆံခြင်းကို အခြေခံစည်းမျဉ်းအဖြစ် ချမှတ်ကျင့်သုံးပါသည်။ ဤသဘောတူစာခုျပ်တွင် လည်း ဝန်ဆောင်မှုများနှင့် ဝန်ဆောင်မှုပေးသူများ အကြား ခွဲခြားဆက်ဆံခြင်းကို အားမပေးပါ။ သို့ရာတွင် အာတီကယ်-၁၄ (အထွေထွြွေခင်းချက်များ)၏အပိုဒ် (ဃ)နှင့် (င)တို့သည် ခွဲခြားဆက်ဆံခြင်းကို ခွင့်ပြုသည့်ြွခင်းချက်များ ဖြစ်ပါသည်။ သေချာသိရှိ လေ့လာထားရန် လိုအပ်သည်ဟု ယူဆသည်။
