ရေဒီယိုသတ္တိြွကခြိမ်းခြောက်မှုကြောင့် စပါးစိုက်ပျိုးမှု ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရက လယ်သမားများကို တောင်းဆို
ရေဒီယိုသတ္တိြွကခြိမ်းခြောက်မှုကြောင့် စပါးစိုက်ပျိုးမှု ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရက လယ်သမားများကို တောင်းဆို ယခုလအစပိုင်းက ဂျပန်နိုင်ငံမှာ မြေငလျင်ကြောင့် ဆူနာမီဖြစ်ပွားပြီး ဖူကူရှီးမားရှိ နျူကလီးယား စက်ရုံပေါက်ကွဲမှုမှ ရေဒီယို သတ္တိြွကပြန့်နံှ့မှုနဲ့ ပတ်သက်လို့ ဖူကူရှီးမားနဲ့ အခြားပြန့်နံှ့နိုင်တဲ့ ဒေသတွေမှာ စပါးစိုက်ပိုျးမှုကို ရက်သတ္တပတ် အနည်းငယ်ဆိုင်းငံ့ထားရေး စိုက်ပျိုးရေးဝန်ကြီးဌာနက လယ်သမားတွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနက စပါးစိုက်ပျိုးရာ လယ်မြေတွေမှာ ရေဒီယိုသတ္တိြွကပြန့်နံှ့စီးဝင်မှုကို စစ်ဆေးပြီး ကင်းရှင်းမှ သာ စိုက်ပျိုးခွင့်ပြုသွားမယ်လို့ အစိုးရ အရာရှိများကပြောကြားပါတယ်။ စားနပ်ရိက္ခာဘေးကင်းစိတ်ချရေးဥပဒေအရ ဟင်းသီးဟင်းရွက်နဲ့ အခြားလယ်ယာထွက်ကုန်များကို ရေဒီယိုသတ္တိြွက ပါဝင်မှု ဘေးကင်းမှု ကန့်သတ်ချက်ထက် ကျော်လွန်နေတဲ့ ဖူကူရှီးမား၊ အိုင်ကာရာကီ၊ တိုချီကီနဲ့ ဂမ်မာစတဲ့ဒေသက လယ်သမားများကို စပါးစိုက်ပျိုးမှု ဆိုင်းငံ့ဖို့ တောင်းဆိုထားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးဌာနအနေနဲ့ ဘယ်လယ်သမား က စိုက်ပျိုးနိုင်တယ်ဆိုတာ ဆုံးဖြတ်နိုင်စေဖို့ မြေဆီလွှာစမ်းသပ်မှု တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ အကယ်လို့ လိုအပ်ရင် ဆုံးရှုံးတဲ့ လယ်သမားတွေအတွက် လျော်ကြေးပေးဖို့ ဝန်ကြီးဌာနက ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။ ပုံမှန်အားဖြင့် စပါးစိုက်ပျိုးမှုဟာ မေလလယ်မှာပြီးဆုံးတာဖြစ်လို့ ဝန်ကြီးဌာနအနေနဲ့ စပါးရိတ်သိမ်းမှုကို ဆိုးဆိုး ရွားရွားမထိခိုက်စေဖို့ စိုက်ပျိုးမှုနောက်ဆုတ်ခြင်းကို သီတင်း ၂ ပတ်မှ ၃ ပတ်ခန့် ရွှေ့ဆိုင်းဖို့ စဉ်းစားထားကြောင်း သိရပါတယ်။ လမင်း၊Source: riceonline
