ဗီယက်နမ်ပေါင်းဆန် တိုးမြှင့်တင်ပို့ရန် ကြိုးပမ်း
ဗီယက်နမ်ပေါင်းဆန် တိုးမြှင့်တင်ပို့ရန် ကြိုးပမ်း ဗီယက်နမ်က ယခုနှစ်အတွင်း ပေါင်းဆန်တန်ချိန် ၃ သိန်းမှ ၄ သိန်းအထိတင်ပို့ဖို့ ရည်ရွယ်ထားကြောင်း၊ ၎င်း ပမာဏက ကမ္ဘာ့ပေါင်းဆန်ဝယ်လိုအားရဲ့ ၁ဝ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာ့ဈေးကွက်မှာ နေရာ ရထားပြီးတဲ့ ထိုင်းပေါင်းဆန်ဈေးကွက်ဝေစုကို ရယူဖို့ ကြိုးပမ်းခြင်းပဲဖြစ်ပါတယ်။ ၅ ရာခိုင်နှုန်းဆန်ကွဲပါ ပေါင်းဆန် တစ်တန်ကို ၄၉ဝ ဒေါ်လာနဲ့ ရောင်းချရကြောင်း၊ ဆန်ဖြူ ၅ ရာခိုင်နှုန်းဆန်ကွဲအမျိုးအစားမှာ တစ်တန်ကို ဒေါ်လာ ၄၄ဝ- ၄၅ဝ ဖြစ်ရာ ပေါင်းဆန်ဈေးနှုန်းပိုမိုကောင်းကြောင်း သိရပါတယ်။ တင်ပို့ဖို့ ရည်ရွယ်ထားတဲ့ ပေါင်းဆန်တွေကို ဘင်္ဂလားဒေ့ရှ်က ဝယ်ယူတင်သွင်းဖွယ်ရှိကြောင်း၊ မတ်လအစောပိုင်းက ဗီယက်နမ်ပေါင်းဆန်တန်ချိန် တစ်သိန်းဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ပပ၊Source:futurespros.com
